Zawgyi
Ref – GSM Arena
Unicode
Huawei ကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့တုန်းက Huawei Nova 5 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei ရဲ့ Mid Range စမတ်ဖုန်းတွေက ထင်ထားတာထက်တောင်ရောင်းအားကောင်းနေတဲ့ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ မိတ်ဆက်ပြီး ၁ လဝန်းကျင်ပဲရှိနေသေးပေမယ့် Huawei Nova 5 Series စမတ်ဖုန်းတွေ စုစုပေါင်း ၂ သန်းအထိ ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ Huawei က ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ အခု Huawei Nova 5 Series ဖုန်းတွေထဲမှာ Huawei Nova 5i ၊ Nova 5 နဲ့ Nova 5 Pro ဖုန်းတွေပါဝင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက Huawei Nova 5i Pro ဖုန်းကို ကြေညာခဲ့သေးပေမယ့် ဒီရလဒ်ထဲမှာတော့ Nova 5i Pro ပါဝင်ပုံမရပါဘူး။
အခုလိုမျိုးရောင်းချရတာက Huawei ရဲ့ ရက်သတ္တပတ် ၄ ပတ်ဆက်တိုက် Flash Sale တွေနဲ့ ရောင်းချခဲ့တာဖြစ်ပြီးတော့ Chinese Domestic Market မှာပဲရောင်းချနေသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ Huawei Nova 5 Series ဖုန်းတွေသာ International Market ကို ဝင်ရောက်လာရင် ဘယ်လောက်ထိ ရောင်းအားကောင်းဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Huawei Nova 5 Series စမတ်ဖုန်းတွေက Camera ပိုင်းအရလည်း Triple Camera အပြင် High End ဖုန်းတွေမှာပဲ ပါဝင်တတ်တဲ့ ToF Camera တွေကို ထည့်သွင်းထားတဲ့အတွက် Camera ပိုင်းလည်း ကောင်းမွန်တဲ့အပြင် Performance ပိုင်းမှာလည်း လက်ရှိ Snapdragon 730 Processor ထက်တောင် စွမ်းဆောင်ရည်ကောင်းနေတဲ့ Kirin 810 Processor အသစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Huawei ကတော့ ဒီ Nova 5 Series ဖုန်းတွေနဲ့ အောင်မြင်လာဦးမှာပါ။
Ref – GSM Arena