[Zawgyi]
[Unicode]
OPPO F11 Pro ကံထူးနိုင်မယ့် OPPO Myanmar နဲ့ Grab တို့ပူးပေါင်းပြုလုပ်တဲ့ OPPO Ride to Win Campaign
OPPO Myanmar နဲ့ Grab တို့ပူးပေါင်းပြီး OPPO F11 Pro ကံထူးနိုင်မယ့် OPPO Ride to Win Campaign ကို OPPO ချစ်သူများနဲ့ Grab စီးနင်းသူများအတွက် သြဂုတ်လ (၂၁)ရက်နေ့မှ (၃၁)နေ့အထိ (၁၁)ရက်တိုင်တိုင် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ သြဂုတ်လ ပထမအပတ်မှစတင်ပြီး OPPO Myanmar နဲ့ Grab တို့ပူးပေါင်းခြင်းအထိမ်းအမှတ်အနေနဲ့ OPPO စမတ်ဖုန်းများကို လျှော့ဈေးဖြင့် ရရှိနိုင်မယ့် Monsoon Promotion အစီအစဉ်နဲ့ Online Campaign ကိုလည်း ပြုလုပ်ပေးခဲ့ပြီး Grab Promo Code များကို ပေးအပ်ခဲ့ပါတယ်။
OPPO နဲ့ Grab တို့ ပူးပေါင်းပြုလုပ်တဲ့ Ride to Win Campaign တွင် Promo Code – F11PRO ကိုအသုံးပြုပြီး Grab ကိုစီးနင်းသူမည်သူမဆို အကန့်အသတ်မရှိပါဝင်နိုင်မှာဖြစ်ပြီး winner (၃)ဦးကို Lucky Draw အနေနဲ့ရွေးချယ်ကာ OPPO F11 Pro (၃)လုံးပေးအပ်သွားမှာ ဖြစ်ပါတယ်။။ Grab စီးနင်းသူတွေအနေနဲ့ Promo Code ကို စတင်အသုံးပြုလိုက်တာနဲ့ Lucky Draw တစ်စောင်အဖြစ် စာရင်းသွင်းပြီးသား ဖြစ်သွားမှာဖြစ်ပြီး သြဂုတ်လ (၂၁)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း Promo Code ကိုကန့်သတ်ထားတဲ့ အကြိမ်ရေမရှိပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် စီးတာများလေလေ winner ဖြစ်နိုင်ဖို့အခွင့်အရေး ပိုမိုရရှိမှာ ဖြစ်ပါတယ်။
OPPO Ride to Win Campaign မှာ ပေးအပ်မယ့် OPPO F11 Pro စမတ်ဖုန်းဟာ မျက်နှာပြင်ပြည့် Panoramic Screen၊ ဖုန်းရဲ့အလယ်ဗဟိုကနေထွက်လာသော အထူးဆွဲဆောင်မှုရှိတဲ့ Pop Up selfie camera၊ ကြည်လင်ပြတ်သားသော ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ 48 MP Dual Rear Camera၊ ညအချိန်ဓာတ်ပုံရိုက်ရာမှာ အထူးကောင်းမွန်အောင်ရိုက်ကူးနိုင်တဲ့ Ultra Night Mode၊ သက်တမ်းကြာရှည်စွာသုံးနိုင်တဲ့ 4000 mAh ဘက်ထရီနဲ့အတူ မိနစ် ၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မယ့် VOOC 3.0 အမြန်အားသွင်းစနစ်တွေ ထည့်သွင်းပေးထားတဲ့ အမိုက်စား စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
OPPO Ride to Win Campaign ရဲ့ winner (၃)ဦးကို စက်တင်ဘာလ (၁၃)ရက်နေ့တွင် မော်ဒယ်ပိုင်အုပ်စိုးအောင်မှ မဲနှိုက်ကာရွေးချယ်ပေးသွားမှာ ဖြစ်ပြီး Lucky Draw Video ကို OPPO Myanmar နဲ့ Grab Facebook Page အပြင် Grab App မှာလည်းကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ OPPO Myanmar နဲ့ Grab တို့ပူးပေါင်းကာ ယခုလို အစီအစဉ် တွေ ဆက်လက်ပြုလုပ်ပေးသွားဖို့ရှိပြီး စက်တင်ဘာလထဲတွင်လည်း OPPO F11 ကံထူးနိုင်မယ့် Wednesday Campaign ကိုလည်း ပြုလုပ်သွားဖို့ရှိကြောင်း သိရပါတယ်။