Zawgyi

Honor ကေန ၿပီးခဲ့တဲ့လတုန္းက မိတ္ဆက္ခဲ့တဲ့ Honor 9X စမတ္ဖုန္းဟာ အခုအခ်ိန္မွာေတာ့ အေရွ႕တုန္းထြက္ရွိခဲ့တဲ့ Honor 8X ဖုန္းလိုမ်ိဳးပဲ ေအာင္ျမင္ေနတဲ့ပုံပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Honor ကေန ဒီ Honor 9X စမတ္ဖုန္းကို စတင္ေရာင္းခ်ၿပီး ၂၉ရက္အၾကာမွာ အလုံးေရ ၃သန္းအထိ ေရာင္းခ်ရၿပီးျဖစ္တယ္လို႔ ေၾကညာလိုက္တာေၾကာင့္ ျဖစ္ပါတယ္။

Honor 8X စမတ္ဖုန္းဟာ Honor အတြက္ ေရာင္းအားအေကာင္းဆုံးစမတ္ဖုန္းျဖစ္ခဲ့ၿပီးေတာ့ ကုမၸဏီရဲ႕ Executive ေတြကိုယ္တိုင္ကလည္း စုစုေပါင္း အလုံးေရ ၁၅ သန္းေက်ာ္အထိ ေရာင္းခ်ထားရတယ္လို႔ ေျပာၾကားထားတာျဖစ္ပါတယ္။ အဆိုပါ ၁၅ သန္းေက်ာ္ထဲက ၁၀ သန္းေလာက္ကလည္း ၁၃၇ ရက္အတြင္း ေရာင္းခ်ခဲ့ရတာဆိုေတာ့ Honor အတြက္ေတ့ာ အထင္ႀကီးစရာရလဒ္တစ္ခုျဖစ္ခဲ့တာပါ။ ဒါေပမယ့္ အခု Honor 9X က အဆိုပါ Record ကို ထပ္ခ်ိဳးေတ့ာမယ့္ ပုံစံပါပဲ။

Honor 9X အေနနဲ႔ အခုလိုမ်ိဳး ၁ လအတြင္းကို အလုံးေရ ၃ သန္းေရာင္းခ်ရတယ္ဆိုတာက တစ္ရက္ကို အလုံးေရ ၁ သိန္းေလာက္ကို ပွ်မ္းမွ်ေရာင္းခ်ေနရတာလည္း ျဖစ္ပါတယ္။

အခု Honor 9X စမတ္ဖုန္းေတြက Huawei ရဲ႕ ေနာက္ဆုံးမိတ္ဆက္ထားတဲ့ Kirin 810 Processor ကို အသုံးျပဳထားၿပီးေတာ့ RAM 4GB ၊ Storage 64GB ကေန RAM 8GB ၊ Storage 256GB အထိ ေ႐ြးခ်ယ္ႏိုင္မွာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Triple Back Camera နဲ႔ Notch ပါဝင္ျခင္းမရွိတဲ့ Pop-up Selfie Camera လည္းပါဝင္ပါေသးတယ္။

ဒါေပမယ့္ အခုလိုမ်ိဳး Honor 9X ကို ေအာင္ျမင္မႈရရွိေစတာက ေစ်းႏႈန္းေၾကာင့္ အဓိကျဖစ္ႏိုင္ၿပီးေတာ့ 1,499 Yuan (ျမန္မာေငြ ၃၂၀,၀၀၀ က်ပ္ဝန္းက်င္) ကေန စတင္တဲ့အတြက္ ဒီေစ်းဝန္းက်င္ Mid Range ဖုန္းေတြထဲမွာ ေတာ္ေတာ္ေလးကိုေကာင္းတဲ့ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္ေနတာပါ။

Ref – GSM Arena

Unicode

Honor ကနေ ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တဲ့ Honor 9X စမတ်ဖုန်းဟာ အခုအချိန်မှာတော့ အရှေ့တုန်းထွက်ရှိခဲ့တဲ့ Honor 8X ဖုန်းလိုမျိုးပဲ အောင်မြင်နေတဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် Honor ကနေ ဒီ Honor 9X စမတ်ဖုန်းဟာ စတင်ရောင်းချပြီး ၂၉ ရက်အကြာမှာ အလုံးရေ ၃ သန်းအထိ ရောင်းချရပြီးဖြစ်နေတယ်လို့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Honor 8X စမတ်ဖုန်းဟာ Honor အတွက် ရောင်းအားအကောင်းဆုံးစမတ်ဖုန်းဖြစ်ခဲ့ပြီးတော့ ကုမ္ပဏီရဲ့ Executive တွေကိုယ်တိုင်ကလည်း စုစုပေါင်း အလုံးရေ ၁၅ သန်းကျော်အထိ ရောင်းချထားရတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ၁၁၅ သန်းကျော်ထဲက ၁၀ သန်းလောက်ကလည်း ၁၃၇ ရက်အတွင်း ရောင်းချခဲ့ရတာဆိုတော့ Honor အတွက်တေ့ာ အထင်ကြီးစရာရလဒ်တစ်ခုဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခု Honor 9X က အဆိုပါ Record ကို ထပ်ချိုးတေ့ာမယ့် ပုံစံပါပဲ။

Honor 9X အနေနဲ့ အခုလိုမျိုး ၁ လအတွင်းကို အလုံးရေ ၃ သန်းရောင်းချရတယ်ဆိုတာက တစ်ရက်ကို အလုံးရေ ၁ သိန်းလောက်ကို ပျှမ်းမျှရောင်းချနေရတာလည်း ဖြစ်ပါတယ်။

အခု Honor 9X စမတ်ဖုန်းတွေက Huawei ရဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ Kirin 810 Processor ကို အသုံးပြုထားပြီးတော့ RAM 4GB ၊ Storage 64GB ကနေ RAM 8GB ၊ Storage 256GB အထိ ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Triple Back Camera နဲ့ Notch ပါဝင်ခြင်းမရှိတဲ့ Pop-up Selfie Camera လည်းပါဝင်ပါသေးတယ်။

ဒါပေမယ့် အခုလိုမျိုး Honor 9X ကို အောင်မြင်မှုရရှိစေတာက စျေးနှုန်းကြောင့် အဓိကဖြစ်နိုင်ပြီးတော့ 1,499 Yuan (မြန်မာငွေ ၃၂၀,၀၀၀ ကျပ်ဝန်းကျင်) ကနေ စတင်တဲ့အတွက် ဒီစျေးဝန်းကျင် Mid Range ဖုန်းတွေထဲမှာ တော်တော်လေးကိုကောင်းတဲ့ ရွေးချယ်စရာတစ်ခုဖြစ်နေတာပါ။

Ref – GSM Arena