[Zawgyi]




Ref : theverge

[Unicode]

Microsoft ရဲ့ Surface Laptop 3 မှာ ၁၅ လက်မ မော်ဒယ် ပါလာနိုင်

Microsoft က လာမယ့်လမှာ Surface Series အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ထုတ်ကုန် အသစ်တွေထဲမှာ အရွယ်ကြီး Surface Laptop 3 ပါလာနိုင်ပါတယ်။ WinFuture က Microsoft ဟာ လာမယ့်လမှာ 3:2 Aspect Ratio ပါတဲ့ ၁၅ လက်မ Surface Laptop 3 ကို ကြေညာမယ်လို့ ပြောပါတယ်။ Microsoft ဟာ AMD-powered Surface Laptop 3 ကို မိတ်ဆက်မယ်လို့ ထင်ပါတယ်။ အဲဒီ Chip ကို ၁၅ လက်မ မော်ဒယ်မှာ ထည့်သွင်းထားနိုင်ပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် Microsoft ရဲ့ Surface Laptop ဟာ Surface Book Device နဲ့ အပြိုင် ဖြစ်လာနိုင်ပါတယ်။ Microsoft က လက်ရှိမှာ Surface Book 2 အတွက် ၁၃.၅ လက်မနဲ့ ၁၅ လက်မ မော်ဒယ်တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ လာမယ့်လမှာ Surface Book 3 ကို နယူးယောက်စီးတီးမှာ Microsoft က ကြေညာမယ်လို့ ထင်ပါတယ်။

Microsoft က USB-C Support ပါတဲ့ Surface Pro 7 ၊ Qualcomm Chip ထည့်ထားတဲ့ Surface နဲ့ Dual-screen Surface တို့ကိုလည်း ကြေညာမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် Windows OS ရဲ့ အနာဂတ်လမ်းကြောင်းကိုပါ ပြောကြားနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ Microsoft က အဲဒီ ထုတ်ကုန် အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : theverge