[Zawgyi]

ေအာက္တိုဘာလ ၂ ရက္ေန႔မွာ Microsoft ဟာ ထုတ္ကုန္သစ္မိတ္ဆက္ပြဲ ျပဳလုပ္ပါလိမ့္မယ္။ ဒီပြဲမွာ Software ကုမၸဏီႀကီးရဲ႕ Windows ပရီမီယံ တက္ဘလက္ေတြကို ထပ္ၿပီးျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီထဲမွာ Surface Pro 7 ကေတာ့ နာမည္အႀကီးဆုံးနဲ႔ အေမွ်ာ္လင့္ခံရဆုံးလို႔ ဆိုႏိုင္ပါတယ္။

စက္တင္ဘာလလယ္ေလာက္ကတည္းက သတင္းထြက္ခဲ့တာေတာ့ Surface Pro 7 အျပင္ Surface Laptop 3 ကိုလည္း မိတ္ဆက္လာဖြယ္ရွိတယ္ဆိုတာပါ။ Surface Pro 7 အေၾကာင္း ေကာလာဟလအျဖစ္ ထြက္ေနတာက ARM chip, 4G Lite ခ်ိတ္ဆက္မႈ စတာေတြ ပါဝင္လာမယ္ ဆိုတာပါပဲ။

လတ္လတ္ဆတ္ဆတ္ထြက္လာတဲ့ ေကာလာဟလကေတာ့ Surface Pro 7 ဟာ မတူညီတဲ့အမ်ိဳးအစားႏွစ္မ်ိဳးနဲ႔ ထြက္လာမယ္ဆိုတာပါပဲ။ ကုဒ္နာမည္ “Campus” နဲ႔ တက္ဘလက္ကေတာ့ ARM-based ျဖစ္ၿပီးထိပ္ပိုင္းနဲ႔ ေအာက္ေျခကလြဲရင္ ေဘးေဘာင္ေတြက Bezel-less နီးပါးကို က်ဥ္းေျမာင္းတယ္လို႔လည္း ဆိုပါတယ္။

ထိပ္ပိုင္း Bezel ကေတာ့ Facial recognition ကင္မရာအတြက္ ေနရာအနည္းငယ္ယူရမွာျဖစ္သလို၊ ေအာက္ေျခကလည္း Type Cover QWERTY ကီးဘုတ္အတြက္ ေနရာယူရပါေသးတယ္။ MiniDisplay Port ေနရာမွာေတာ့ Type-C နဲ႔ အစားထိုးလာမယ္လို႔ သတင္းၾကားရပါတယ္။

“Harper” ကုဒ္နာမည္နဲ႔ အမ်ိဳးအစား Surface Pro 7 ကေတာ့ Intel Core Processors ပဲ သုံးထားမယ္လို႔ သိရပါတယ္။ Bezels ေတြကလည္း “Campus” ေလာက္ က်ဥ္းေျမာင္းမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ အစဥ္တစိုက္ သတင္းထြက္ေနတဲ့ မ်က္ႏွာျပင္ႏွစ္ခုနဲ႔ Surface Laptop ကို ျမင္ေတြ႕ရဖို႔ေတာ့ သိပ္မေသခ်ာေသးပါဘူး။

Ref: Phone Arena

[Unicode]

Microsoft Surface Themed Event မှာ ဘာကိုမျှော်လင့်နိုင်မလဲ

အောက်တိုဘာလ ၂ ရက်နေ့မှာ Microsoft ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်ပါလိမ့်မယ်။ ဒီပွဲမှာ Software ကုမ္ပဏီကြီးရဲ့ Windows ပရီမီယံ တက်ဘလက်တွေကို ထပ်ပြီးမြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒီထဲမှာ Surface Pro 7 ကတော့ နာမည်အကြီးဆုံးနဲ့ အမျှော်လင့်ခံရဆုံးလို့ ဆိုနိုင်ပါတယ်။

စက်တင်ဘာလလယ်လောက်ကတည်းက သတင်းထွက်ခဲ့တာတော့ Surface Pro 7 အပြင် Surface Laptop 3 ကိုလည်း မိတ်ဆက်လာဖွယ်ရှိတယ်ဆိုတာပါ။ Surface Pro 7 အကြောင်းကောလာဟလအဖြစ် ထွက်နေတာက ARM chip, 4G Lite ချိတ်ဆက်မှု စတာတွေ ပါဝင်လာမယ် ဆိုတာပါပဲ။

လတ်လတ်ဆတ်ဆတ်ထွက်လာတဲ့ ကောလာဟလကတော့ Surface Pro 7 ဟာ မတူညီတဲ့အမျိုးအစားနှစ်မျိုးနဲ့ ထွက်လာမယ်ဆိုတာပါပဲ။ ကုဒ်နာမည် “Campus” နဲ့ တက်ဘလက်ကတော့ ARM-based ဖြစ်ပြီးထိပ်ပိုင်းနဲ့ အောက်ခြေကလွဲရင် ဘေးဘောင်တွေက Bezel-less နီးပါးကို ကျဉ်းမြောင်းတယ်လို့လည်း ဆိုပါတယ်။

ထိပ်ပိုင်း Bezel ကတော့ Facial recognition ကင်မရာအတွက် နေရာအနည်းငယ်ယူရမှာဖြစ်သလို၊ အောက်ခြေကလည်း Type Cover QWERTY ကီးဘုတ်အတွက် နေရာယူရပါသေးတယ်။ MiniDisplay Port နေရာမှာတော့ Type-C နဲ့ အစားထိုးလာမယ်လို့ သတင်းကြားရပါတယ်။

“Harper” ကုဒ်နာမည်နဲ့ အမျိုးအစား Surface Pro 7 ကတော့ Intel Core Processors ပဲ သုံးထားမယ်လို့ သိရပါတယ်။ Bezels တွေကလည်း “Campus” လောက် ကျဉ်းမြောင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အစဉ်တစိုက် သတင်းထွက်နေတဲ့ မျက်နှာပြင်နှစ်ခုနဲ့ Surface Laptop ကို မြင်တွေ့ရဖို့တော့ သိပ်မသေချာသေးပါဘူး။

Ref: Phone Arena