[Zawgyi]

လူႀကိဳက္မ်ားတဲ့ Redmi K20 ရဲ႕ မ်ိဳးဆက္သစ္ သတင္းအခ်က္အလက္ေတြ စတင္ ထြက္ေပၚေနပါၿပီ။ Redmi K30 ဟာလည္း အရမ္းကို လူႀကိဳက္မ်ားမယ္ဆိုတာ ေျပာစရာေတာင္ မလိုပါဘူး။ Redmi K30 ရဲ႕ သတင္းအခ်က္အလက္ေတြကို ၿပီးခဲ့တဲ့ လက စၾကားခဲ့ရပါတယ္။ ေနာက္ပုိင္းမွာလည္း သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။

Redmi K30 အတြက္ 5G အျပင္ 4G Model ကိုပါ  ထုတ္လုပ္ေရာင္းခ်မယ္လို႔ ထင္ပါတယ္။ ၿပီးခဲ့တဲ့ ၁ ပတ္က အဲဒီဖုန္းရဲ႕ ဓါတ္ပံုတခ်ိဳ႕ထြက္ေပၚလာခဲ့ၿပီး Certification အရ 27W Fast Charging နဲ႔ 120Hz Screen ပါမယ္ဆိုတာ သိခဲ့ရပါတယ္။ အခုေတာ့ 4G Model ရဲ႕ Specs တခ်ိဳ႕နဲ႔ ဓါတ္ပံုေတြ တရုတ္က ထြက္ေပၚလာပါတယ္။ အဲဒီဖုန္းမွာ ၆.၆ လက္မ LCD Display တပ္ဆင္ထားမွာ ျဖစ္ၿပီး 20:9 Aspect Ratio ျဖစ္ပါတယ္။

ဆဲလ္ဖီးကင္မရာ ၂ လံုးပါၿပီး 20MP Main နဲ႔ 2MP Depth ေတြျဖစ္ပါတယ္။ ဘဲဥပံုသ႑ာန္ Punch Hole မွာ ဆဲလ္ဖီးကင္မရာေတြကို တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး 64MP Main , 8MP Telephoto, 13MP Ultrawide နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ Snapdragon 730G Chipset ကို အသုံးျပဳထားႏိုင္ၿပီး 6GB RAM နဲ႔ 64GB Storage ေတြပါလာမွာပါ။

4,500mAh Battery မွာ 27W Fast Charger ေထာက္ပံ့ထားမွာျဖစ္ၿပီး NFC, IR Blaster နဲ႔ Headphone Jack ေတြ ပါလာမွာပါ။ Android 10 အေျချပဳ MIUI 11 ပါလာမွာပါ။ တန္ဖိုးအနည္းဆုံး ေမာ္ဒယ္ကို အနည္းဆုံး ၁,၉၉၉ ယြမ္ကေန စတင္သတ္မွတ္ထားႏိုင္တယ္လို႔ ခန္႔မွန္းထားၾကၿပီး ဒီဇင္ဘာလ ၁၀ ရက္မွာ ေၾကညာမွာပါ။ ျမန္မာေငြနဲ႔တြက္ရင္ အနည္းဆုံး ၄၃၀,၀၀၀ ေလာက္ရွိႏိုင္ပါတယ္။

Update – အထက္ပါ ဓာတ္ပုံေတြဟာ Galaxy S10+ ကို MIUI ထည့္သြင္းထားၿပီး Photoshop နဲ႔ ျပဳျပင္ထားေၾကာင္း GsmArena မွာ ျပန္လည္ေဖာ္ျပထားပါတယ္။

Ref : gsmarena

[Unicode]

Redmi K30 4G ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်ပေါ်လာ

လူကြိုက်များတဲ့ Redmi K20 ရဲ့ မျိုးဆက်သစ် သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်နေပါပြီ။ Redmi K30 ဟာလည်း အရမ်းကို လူကြိုက်များမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ Redmi K30 ရဲ့ သတင်းအချက်အလက်တွေကို ပြီးခဲ့တဲ့ လက စကြားခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

Redmi K30 အတွက် 5G အပြင် 4G Model ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က အဲဒီဖုန်းရဲ့ ဓါတ်ပုံတချို့ထွက်ပေါ်လာခဲ့ပြီး Certification အရ 27W Fast Charging နဲ့ 120Hz Screen ပါမယ်ဆိုတာ သိခဲ့ရပါတယ်။ အခုတော့ 4G Model ရဲ့ Specs တချို့နဲ့ ဓါတ်ပုံတွေ တရုတ်က ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ ၆.၆ လက်မ LCD Display တပ်ဆင်ထားမှာ ဖြစ်ပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။

ဆဲလ်ဖီးကင်မရာ ၂ လုံးပါပြီး 20MP Main နဲ့ 2MP Depth တွေဖြစ်ပါတယ်။ ဘဲဥပုံသဏ္ဍာန် Punch Hole မှာ ဆဲလ်ဖီးကင်မရာတွေကို တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 64MP Main , 8MP Telephoto, 13MP Ultrawide နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ Snapdragon 730G , 6GB RAM နဲ့ 64GB Storage တွေပါလာမှာပါ။ Snapdragon 730G Chipset ကို အသုံးပြုထားနိုင်ပြီး 6GB RAM နဲ့ 64GB Storage တွေပါလာမှာပါ။

4,500mAh Battery မှာ 27W Fast Charger ထောက်ပံ့ထားမှာဖြစ်ပြီး NFC, IR Blaster နဲ့ Headphone Jack တွေ ပါလာမှာပါ။ Android 10 အခြေပြု MIUI 11 ပါလာမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အနည်းဆုံး ၁,၉၉၉ ယွမ်ကနေ စတင်သတ်မှတ်ထားနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ဒီဇင်ဘာလ ၁၀ ရက်မှာ ကြေညာမှာပါ။ မြန်မာငွေနဲ့တွက်ရင် အနည်းဆုံး ၄၃၀,၀၀၀ လောက်ရှိနိုင်ပါတယ်။

Update – အထက်ပါ ဓာတ်ပုံတွေဟာ Galaxy S10+ ကို MIUI ထည့်သွင်းထားပြီး Photoshop နဲ့ ပြုပြင်ထားကြောင်း GsmArena မှာ ပြန်လည်ဖော်ပြထားပါတယ်။

Ref : gsmarena