[Unicode]
Full-screen စမတ်ဖုန်း မျက်နှာပြင်တွေ ဖန်တီးဖို့အတွက် Notch , Pop-up , Rotating ကင်မရာနဲ့ Punch-hole တွေကို ဖန်တီးလာကြပါတယ်။ ဖုန်း ကုမ္ပဏီတွေက ဒီလို စမတ်ဖုန်း မျက်နှာပြင်နည်းပညာ အသစ်အဆန်းတွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အခုလည်း Vivo က Quad Punch-hole စမတ်ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်လိုက်ပါတယ်။
အဲဒီ Patent ကို CNIPA (China National Intellectual Property Administration) မှာ မှတ်ပုံတင်ထားတာကို Tigermobiles က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး မတူညီတဲ့ ဒီဇိုင်း ၃ ခုကို တွေ့ရပါတယ်။ ဒီဇိုင်း အားလုံးမှာ Punch-hole များစွာကို ဖုန်း မျက်နှာပြင်မှာ ထည့်သွင်းထားပါတယ်။
ဒီဇိုင်း ၁ ခုမှာ အရှေ့ကင်မရာ ၄ လုံးကို မျက်နှာပြင်ရဲ့ ထောင့်စွန်း ၄ ခုမှာ တပ်ဆင်ထားပြီး Amazon Fire ဖုန်းနဲ့ တူပါတယ်။ နောက်ဒီဇိုင်း ၂ ခုမှာ Punch-hole ၂ ခုကို ဖုန်းရဲ့ အထက် ဘယ်နဲ့ညာထောင့်တွေမှာ တွေ့ရပါတယ်။ ပထမ ဒီဇိုင်းရဲ့ ကင်မရာတွေအတွက် Cutout ဟာ ပိုကြီးပြီး အနက်ရောင်ဘားတန်းကို Cutout တွေကြားမှာ ထည့်သွင်းထားပါတယ်။ ဒုတိယ ဒီဇိုင်းရဲ့ Cutout က ပိုသေးတာကို မြင်ရပါတယ်။ ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကိုလည်း ပြသထားပြီး ကင်မရာ ၄ လုံးပါပါတယ်။
လက်ရှိမှာ ဒါဟာ Patent အဆင့်ပဲရှိပါသေးတယ်။ ကုမ္ပဏီတွေက သူတို့ရဲ့ အိုင်ဒီယာတွေကို မှတ်ပုံတင်ထားလေ့ရှိပေမယ့် Patent အားလုံးကိုတော့ ထုတ်ကုန် အဖြစ် မရောင်းချခဲ့ကြပါဘူး။ အဲဒီအတွက် Vivo ရဲ့ အခုဖုန်းဟာ တကယ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : gsmarena
[Zawgyi]
Vivo က Quad Punch-hole စမတ္ဖုန္း ဒီဇိုင္းကို မွတ္ပံုတင္
Full-screen စမတ္ဖုန္း မ်က္ႏွာျပင္ေတြ ဖန္တီးဖို႔အတြက္ Notch , Pop-up , Rotating ကင္မရာနဲ႔ Punch-hole ေတြကို ဖန္တီးလာၾကပါတယ္။ ဖုန္း ကုမၸဏီေတြက ဒီလို စမတ္ဖုန္း မ်က္ႏွာျပင္နည္းပညာ အသစ္အဆန္းေတြကို အၿပိဳင္အဆိုင္ ဖန္တီးေနၾကပါတယ္။ အခုလည္း Vivo က Quad Punch-hole စမတ္ဖုန္း ဒီဇိုင္းကို မွတ္ပံုတင္လိုက္ပါတယ္။
အဲဒီ Patent ကို CNIPA (China National Intellectual Property Administration) မွာ မွတ္ပံုတင္ထားတာကို Tigermobiles က ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ၿပီး မတူညီတဲ့ ဒီဇိုင္း ၃ ခုကို ေတြ႕ရပါတယ္။ ဒီဇိုင္း အားလံုးမွာ Punch-hole မ်ားစြာကို ဖုန္း မ်က္ႏွာျပင္မွာ ထည့္သြင္းထားပါတယ္။
ဒီဇိုင္း ၁ ခုမွာ အေရွ႕ကင္မရာ ၄ လံုးကို မ်က္ႏွာျပင္ရဲ႕ ေထာင့္စြန္း ၄ ခုမွာ တပ္ဆင္ထားၿပီး Amazon Fire ဖုန္းနဲ႔ တူပါတယ္။ ေနာက္ဒီဇိုင္း ၂ ခုမွာ Punch-hole ၂ ခုကို ဖုန္းရဲ႕ အထက္ ဘယ္နဲ႔ညာေထာင့္ေတြမွာ ေတြ႕ရပါတယ္။ ပထမ ဒီဇိုင္းရဲ႕ ကင္မရာေတြအတြက္ Cutout ဟာ ပိုႀကီးၿပီး အနက္ေရာင္ဘားတန္းကို Cutout ေတြၾကားမွာ ထည့္သြင္းထားပါတယ္။ ဒုတိယ ဒီဇိုင္းရဲ႕ Cutout က ပိုေသးတာကို ျမင္ရပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ ဒီဇိုင္းကိုလည္း ျပသထားၿပီး ကင္မရာ ၄ လံုးပါပါတယ္။
လက္ရွိမွာ ဒါဟာ Patent အဆင့္ပဲရွိပါေသးတယ္။ ကုမၸဏီေတြက သူတို႔ရဲ႕ အိုင္ဒီယာေတြကို မွတ္ပံုတင္ထားေလ့ရွိေပမယ့္ Patent အားလံုးကိုေတာ့ ထုတ္ကုန္ အျဖစ္ မေရာင္းခ်ခဲ့ၾကပါဘူး။ အဲဒီအတြက္ Vivo ရဲ႕ အခုဖုန္းဟာ တကယ္ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။
Ref : gsmarena