[Unicode]

လာမယ့် MWC မှာ Sony ဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်း (တစ်မျိုးထက်လည်း ပိုသွားနိုင်ပါတယ်) ကို ထုတ်ပြဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။ အခုအချိန်ထိတော့ ကောလာဟလသတင်းတွေပဲ ဖြစ်နေပြီး တည်ငြိမ်မှုမရှိသေးတာကြောင့် အသေးစိတ်ကိုတော့ ဖော်ပြလို့မရသေးတဲ့အခြေအနေပါ။

Sony က ထုတ်ပြမယ့် Flagship ရဲ့ နာမည်ကိုမသိရသေးသလို အမျိုးမျိုးလည်း ကြားနေရပါတယ်။ “Sony Xperia 1.1” ကနေ “Xperia 0” ပြီးတော့ “Xperia 3” ဆိုပြီး နာမည်အမျိုးမျိုးထွက်နေတာပါ။ အချို့မီဒီယာတွေကတော့ Sony ရဲ့ Flagship အသစ်ဟာ 4K HDR မျက်နှာပြင်နဲ့ဖြစ်ပြီး X55 5G modem ပါတဲ့ Snapdragon 865 chipset နဲ့လို့ ဖော်ပြနေကြတာပါ။

ကျောဘက်ကင်မရာတွေကိုလည်း အဆင့်မြှင့်တင်ထားသလို၊ ကင်မရာလေးလုံးနဲ့ ToF အာရုံခံကိရိယာလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အဓိကကင်မရာက 48MP ဒါမှမဟုတ် 64MP အထိ ဖြစ်လာမယ်လည်း ဆိုပါတယ်။ 12MP ကိုယ်စီရှိတဲ့ telephoto နဲ့ Ultrawide တွေကိုလည်း တွဲဖက်ပေးထားမယ်လို့ သိရပါတယ်။

Sony အနေနဲ့ IMX 555 12MP sensor ကို သုံး၊ မသုံး ဆိုတာတော့ ငြင်းခုံနေကြတုန်းဖြစ်ပါတယ်။ ဂျပန်အခြေစိုက်ကုမ္ပဏီဟာ ကိုယ်ပိုင်စမတ်ဖုန်းတွေအတွက် Bespoke sensor ဒီဇိုင်းတွေကိုသုံးလေ့ရှိပါတယ်။ ဒါကြောင့် ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ နဲ့အထက် ရှိလာမယ်လို့ ခန့်မှန်းကြပါတယ်။

MWC မှာတွေ့မြင်ရဖို့မျှော်လင့်ထားတဲ့ ဒုတိယ ပရီမီယံစမတ်ဖုန်းဟာ Sony Xperia 5 Plus ဖြစ်ပါတယ်။ အပြောင်းအလဲတွေကြောင့် ပိုပြီး ကျစ်လျစ်တဲ့ဒီဇိုင်းနဲ့ Snapdragon 865, 5G modem တွေပါဝင်မယ်လို့ ယူဆရပါတယ်။ ဆက်စပ်သတင်းတွေအဖြစ် ဇွန်လလောက်မှာ Sony ရဲ့ Mid-ranger သစ်ကို တွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena

[Zawgyi]

လာမယ့္ MWC မွာ အနည္းဆုံးေတာ့ 5G စမတ္ဖုန္းတစ္မ်ိဳးကို ထုတ္ျပသြားဖြယ္ရွိတဲ့ Sony

လာမယ့္ MWC မွာ Sony ဟာ သူတို႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္း၊ (တစ္မ်ိဳးထက္လည္း ပိုသြားႏိုင္ပါတယ္) ကို ထုတ္ျပဖို႔ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။ အခုအခ်ိန္ထိေတာ့ ေကာလာဟလသတင္းေတြပဲ ျဖစ္ေနၿပီး တည္ၿငိမ္မႈမရွိေသးတာေၾကာင့္ အေသးစိတ္ကိုေတာ့ ေဖာ္ျပလို႔မရေသးတဲ့အေျခအေနပါ။

Sony က ထုတ္ျပမယ့္ Flagship ရဲ႕ နာမည္ကိုမသိရေသးသလို အမ်ိဳးမ်ိဳးလည္း ၾကားေနရပါတယ္။ “Sony Xperia 1.1” ကေန “Xperia 0”  ၿပီးေတာ့ “Xperia 3” ဆိုၿပီး နာမည္အမ်ိဳးမ်ိဳးထြက္ေနတာပါ။ အခ်ိဳ႕မီဒီယာေတြကေတာ့ Sony ရဲ႕ Flagship အသစ္ဟာ 4K HDR မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး X55 5G modem ပါတဲ့ Snapdragon 865 chipset နဲ႔လို႔ ေဖာ္ျပေနၾကတာပါ။

ေက်ာဘက္ကင္မရာေတြကိုလည္း အဆင့္ျမႇင့္တင္ထားသလို၊ ကင္မရာေလးလုံးနဲ႔ ToF အာ႐ုံခံကိရိယာလည္း ပါဝင္မယ္လို႔ ဆိုပါတယ္။ အဓိကကင္မရာက 48MP ဒါမွမဟုတ္ 64MP အထိ ျဖစ္လာမယ္လည္း ဆိုပါတယ္။ 12MP ကိုယ္စီရွိတဲ့ telephoto နဲ႔ Ultrawide ေတြကိုလည္း တြဲဖက္ေပးထားမယ္လို႔ သိရပါတယ္။

Sony အေနနဲ႔ IMX 555 12MP sensor ကို သုံး၊ မသုံး ဆိုတာေတာ့ ျငင္းခုံေနၾကတုန္းျဖစ္ပါတယ္။ ဂ်ပန္အေျခစိုက္ကုမၸဏီဟာ ကိုယ္ပိုင္စမတ္ဖုန္းေတြအတြက္ Bespoke sensor ဒီဇိုင္းေတြကိုသုံးေလ့ရွိပါတယ္။ ဒါေၾကာင့္ ေဈးႏႈန္းကေတာ့ ေဒၚလာ ၉၀၀ နဲ႔အထက္ ရွိလာမယ္လို႔ ခန႔္မွန္းၾကပါတယ္။

MWC မွာေတြ႕ျမင္ရဖို႔ေမွ်ာ္လင့္ထားတဲ့ ဒုတိယ ပရီမီယံစမတ္ဖုန္းဟာ Sony Xperia 5 Plus ျဖစ္ပါတယ္။ အေျပာင္းအလဲေတြေၾကာင့္ ပိုၿပီး က်စ္လ်စ္တဲ့ဒီဇိုင္းနဲ႔ Snapdragon 865, 5G modem ေတြပါဝင္မယ္လို႔ ယူဆရပါတယ္။ ဆက္စပ္သတင္းေတြအျဖစ္ ဇြန္လေလာက္မွာ Sony ရဲ႕ Mid-ranger သစ္ကို ေတြ႕ျမင္ရဖြယ္ရွိတယ္လို႔ သိရပါတယ္။

Ref: GSM Arena