[Unicode]

Apple က iOS နဲ့ iPadOS 13.3.1 ကို Compatible Devices တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ iPhone XR ရဲ့ Update အရွယ်အစားဟာ 275MB ဖြစ်ပါတယ်။ ဒါပေမယ့် သင့် Device ပေါ်မူတည်ပြီး ဖိုင်အရွယ်အစား ကွာခြားနိုင်ပါတယ်။

Update မှာ Bug တွေကို ပြင်ဆင်ထားတာ အများစုဖြစ်ပြီး စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာပါတယ်။ 13.3.1 Update ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည် အသစ် ၁ ခုက iPhone 11 Series တွေမှာ ပါတဲ့ U1 Ultra Wideband Chip ကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ ၂၀၁၉ ထုတ် iPhone တွေမှာ ပါတဲ့ U1 Chip က ဖုန်း တည်နေရာကို လမ်းညွှန်ပေးနိုင်ပြီး တခြား UWB Device တွေကနေ ဖုန်းတည်နေရာကို ခြေရာခံနိုင်ပါတယ်။

Indian English Siri Voice ကို HomePod မှာ ထောက်ပံ့ပေးနိုင်လာပါပြီ။ HomePod ကို အိန္ဒိယမှာ ရောင်းချပေးလိုက်တဲ့အတွက် ဒီစွမ်းရည်ကို ထည့်ပေးလိုက်တာပါ။ ၁၉,၉၀၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်းလောက်ရှိပါတယ်။ အမေရိကန်မှာ ၂၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ပိုဈေးကြီးပြီး မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၃ သောင်းလောက်ရှိပါတယ်။

အိန္ဒိယဟာ HomePod ရောင်းတဲ့ နိုင်ငံအနည်းငယ်ထဲက ၁ ခုဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့မှာ ၂၀၁၈ ဇန်နဝါရီလက အစောဆုံး ရောင်းပေးခဲ့တာပါ။ အဲဒီနောက်မှာ ကနေဒါ၊ ပြင်သစ်နဲ့ ဂျာမနီတို့မှာ ၂၀၁၈ ဇွန်လမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာမှာ စပိန် ၊ မက္ကဆီကို နဲ့ ၂၀၁၉ ဇန်နဝါရီမှာ တရုတ်နဲ့ ဟောင်ကောင်တို့မှာ ရောင်းပေးခဲ့ပါတယ်။ ဂျပန်နဲ့ ထိုင်ဝမ်မှာ ၂၀၁၉ ဩဂုတ်လမှာ ဝယ်ယူနိုင်ခဲ့ပါတယ်။

Ref : gsmarena

[Zawgyi]

Apple က iOS 13.3.1 ကို ဖြန့်ချိ





Ref : gsmarena