Samsung ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သူတို့ရဲ့ Mid-range စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy M31 ကို မိတ်ဆက်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ ထုံးစံအတိုင်း Geekbench အပါအဝင် အခြားရင်းမြစ်တွေကတစ်ဆင့် သိခဲ့ကြပြီးဖြစ်မှာပါ။

ဒါပေမယ့်လည်း Galaxy M31 ရဲ့ အချက်အလက်အပြည့်အစုံနဲ့ Render တွေကတော့ တရားဝင်မိတ်ဆက်ဖို့ ရက်အနည်းငယ်သာလိုတော့တဲ့အချိန်မှ ပေါက်ကြားထွက်ပေါ်လာတာပါ။ ဒါကြောင့် နောက်တစ်ပတ်အထိစောင့်ဆိုင်းစရာ မလိုတော့ဘဲ အခုကတည်းက အပြည့်အစုံသိရှိနိုင်ပြီ ဖြစ်ပါတယ်။

တွစ်တာမှာ ဖော်ပြထားတာကတော့ Galaxy M31 ဟာ Exynos 9611 processor နဲ့ဖြစ်ပါတယ်။ ဒါကို Galaxy M30s မှာလည်း သုံးထားပါတယ်။ ဒီစမတ်ဖုန်းဟာ 6GB of RAM နဲ့ သိုလှောင်မှုပမာဏ 128GB ရှိမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ MicroSD ကတ်နဲ့လည်း 512GB အထိ တိုးချဲ့နိုင်တယ်လို့ ရည်ညွှန်းထားတာကိုပါ တွေ့မြင်ရပါတယ်။

Galaxy M31 ဟာ 6.4-inch Super AMOLED Infinity-U မျက်နှာပြင်နဲ့ဖြစ်ပြီး FHD+ resolution လည်း ရရှိမှာ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 32MP sensor နဲ့ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာတွေအနက် အဓိကကင်မရာက 64MP ဖြစ်ပြီး 8MP wide-angle, 5MP depth, 5MP macro ကင်မရာသုံးလုံးနဲ့လည်း တွဲဖက်ပေးထားပါသေးတယ်။

ဘက်ထရီပမာဏကတော့ အားရစရာအဖြစ် 6,000mAh ဖြစ်ပြီး 15W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ Dual SIM slot နဲ့ဖြစ်ပြီး အောက်ခြေမှာ Audio jack၊ ကျောဘက်မှာ လက်ဗွေဖတ်စနစ်တို့ ပါဝင်ပါတယ်။ အရောင်အားဖြင့် သုံးရောင်ရှိမယ်လို့ Render ရုပ်ပုံတွေက ဖော်ပြထားပါတယ်။

Ref: Gizmochina