Samsung Galaxy S20 Ultra မှာ 5,000mAh ဘက်ထရီပါဝင်ပြီး 45W Charger နဲ့အားသွင်းရင် ၅၈ မိနစ်အတွင်း တစ်ရာရာခိုင်နှုန်းသွင်းနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒီတုန်းကဖော်ပြခဲ့တာက လက်တွေ့စမ်းသပ်ချက်မပါဝင်ဘဲ တွစ်တာက Ice Universe ရဲ့တွစ်ကို ကိုးကားခဲ့ရတာပါ။

Samsung Galaxy S20 Ultra နဲ့အတူ ဘူးထဲမှာပါဝင်လာတဲ့ အမြန်အားသွင်း Charger နဲ့ စမ်းသပ်ထားတဲ့ရလဒ်ကတော့ မူလကဖော်ပြထားတဲ့ ၅၈ မိနစ်ထက် ၁ မိနစ်ပဲစွန်းခဲ့တာကိုတွေ့ရပါတယ်။ ၀% ကို အားသွင်းရာမှာ ၁၅ မိနစ်အတွင်း ၃၂%၊ မိနစ်၃၀ မှာ ၆၂%၊ ၄၅ မိနစ်မှာတော့ ၈၉% အထိရရှိခဲ့ပြီး ၁၀၀% အပြည့်ဖြစ်ဖို့ ၅၉ မိနစ်အထိ အချိန်ယူခဲ့ရတာပါ။

ဒါကြောင့် 5,000mAh ဘက်ထရီကို ၀% ကနေ ၁၀၀% အထိအားသွင်းဖို့ ပျမ်းမျှ ၁ နာရီခန့်သာ အချိန်ယူရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီစမ်းသပ်မှုဟာ ဘူးထဲမှာပါဝင်လာတဲ့ USB-C Type cable နဲ့ 25W Fast charger ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် 45W charger ကိုအသုံးပြုပြီးအားသွင်းရင်လည်း ၀% ကနေ ၁၀၀% ပြည့်ဖို့ ၅၉ မိနစ်ပဲ ကြာမြင့်တာကိုတွေ့ရပါတယ်။

45W Samsung fast charger နဲ့အားသွင်းရာမှာတော့ ၀% ကို အားသွင်းရာမှာ ၁၅ မိနစ်အတွင်း ၃၇%၊ မိနစ်၃၀ မှာ ၇၀%၊ ၄၅ မိနစ်မှာတော့ ၉၂% အထိရရှိခဲ့ပြီး ၁၀၀% အပြည့်ဖြစ်ဖို့ ၅၉ မိနစ်အထိ အချိန်ယူခဲ့ရတာပါ။ ဒါကြောင့် ၄၅ မိနစ်နောက်ပိုင်း Galaxy S20 Ultra မှာပါတဲ့ ဘက်ထရီရဲ့ အားလက်ခံမှုနှုန်းက အတော်လေးနှေးကွေးသွားတာကြောင့် အစအဆုံးကြာချိန်မှာ တူညီသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Phone Arena