Honor အမှတ်တံဆိပ်အောက်က မော်ဒယ်နံပါတ် Honor AKA-AL10 နဲ့ စမတ်ဖုန်းတစ်လုံးဟာ တရုတ်ပြည်တွင်း TENAA ကနေ အသိအမှတ်ပြုခံခဲ့ရတာကြောင့် မကြာခင်မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ အရင်အပတ်ကလည်း သတင်းထွက်ခဲ့တဲ့ ဒီဖုန်းဟာ TENAA ပေါ်မှာတော့ Specs အများစုနဲ့အတူ သူ့ရဲ့ Render ပုံကိုပါ ဖော်ပြလာခဲ့ပါတယ်။
ပထမဆုံးကြည့်မိတဲ့အချိန်မှာတော့ Honor AKA-AL10 ဟာ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မိတ်ဆက်လာမယ်ဆိုတဲ့ Honor 9X Lite နဲ့တူညီမှုရှိနေတာကို တွေ့ရပါတယ်။ အထက်ပါပုံထဲမှာတော့ Honor AKA-AL10 ရဲ့နောက်ဘက်မှာ လေးထောင့်ပုံ Camera Module ပါဝင်တာကိုတွေ့ရပြီး Honor 9X Lite မှာလို ကင်မရာ Sensor နှစ်လုံးကို ထည့်သွင်းလာမှာပါ။
ကွာခြားချက်ကတော့ Honor AKA-AL10 မှာ LED Flash ကို ကင်မရာ Module ရဲ့ အပြင်ဘက်မှာ ထုတ်ထားတာပါပဲ။ အဲ့ဒါကလွဲရင်တော့ ဖုန်းနှစ်လုံးစလုံးမှာ Fingerprint ကို နောက်ဘက်မှာထားတာလည်း တူညီပါတယ်။ ဒါ့ကြောင့် ဒီဖုန်းဟာ တရုတ်ပြည်တွင်းအတွက် Honor 9X Lite ဖြစ်နိုင်ခြေလည်းရှိနေပါတယ်။
TENAA စာရင်းအရတော့ Honor AKA-AL10 ဖုန်းမှာ 6.39” လက်မ IPS LCD Display တစ်ခုပါဝင်လာမှာဖြစ်ပြီး ကိုယ်ထည်အချိုး 159.81 x 76.13 x 8.13mm နဲ့ အလေးချိန် 176g တို့ရှိပါတယ်။ အတွင်းမှာ 2.0GHz ရှိတဲ့ Octa-core ပရိုဆက်ဆာတစ်ခုကို အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီက 4/6 GB RAM နဲ့ 64/128 GB Storage ဆိုပြီး ကွဲပြားမှာပါ။
နောက်ဘက်က ကင်မရာနှစ်လုံးမှာ 48MP Sensor က ဦးဆောင်လာပြီး Depth Sensor လို့ယူဆရတဲ့ 2MP နဲ့ တွဲထားတယ်။ ရှေ့ဘက်မှာတော့ 8MP ဆဲလ်ဖီကင်မရာကိုမြင်ရမှာပါ။ ဘက္ထရီပမာဏက 3,900 mAh ဖြစ်ပြီး Android 10 OS အခြေခံထားတဲ့ EMUI 10 နဲ့အသုံးပြုရမှာဖြစ်ပါတယ်။
Ref – Playful Droid