YouTube ဟာ လက်ရှိ Video Platform တွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။ အခုလည်း Google ကနေ YouTube Mobile App ကို ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ပုံမှန် Trending Tab မှာ Explore Tab နဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။

အဆိုပါ Explore Tab အသစ်ကို Android နဲ့ iOS App ၂ မျိုးစလုံးမှာ ယနေ့ကနေ စတင်ပြီးတော့ မြင်တွေ့ရမှာဖြစ်ပြီး Trending Topic အပြင် Music ၊ Gaming ၊ Fashion ၊ News အစရှိသဖြင့် Topic တွေကိုပါ ရွေးချယ်နိုင်မှာပါ။ ဒါ့အပြင် အဆိုပါ Topic တွေအောက်မှာလည်း လက်တလောမှာရေပန်းစားနေတဲ့ Video တွေကို ထည့်သွင်းထားဦးမှာဖြစ်ပါတယ်။

YouTube ကတော့ အခု Explore Tab ကနေ “Creators on the Rise” ၊ “Artist on the Rise” ဆိုတဲ့ အောင်မြင်လာတဲ့ Video အသစ်တွေကို အဓိကထားဖော်ပြသွားဖို့စီစဥ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး Trending Tab အစား Explore Tab ဖြစ်သွားတာက Video ကြည့်ရှုသူတွေအနေနဲ့ ပိုပြီးအမျိုးအစားစုံလင်တဲ့ Video တွေကို အလွယ်တကူကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် YouTube အနေနဲ့ ပုံမှန် Home Page နဲ့ Trending Tab အစား အသုံးပြုသူတွေအပေါ်မှုတည်ပြီးတော့ Explore Tab ကိုထည့်သွင်းလိုက်တာက ပိုပြီးအသုံးဝင်လာတယ်လို့ ပြောရပါတယ်။

Ref – XDA-Developers