Gsmarena က Honor 30S နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပြီး အဲဒီ ဖုန်းဟာ Honor 30 Series ထဲက  ၁ လုံး ဖြစ်ပါတယ်။  Honor 30 Series တွေကို ဒီလကုန် တရုတ်မှာ ကြေညာမှာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ Honor 30S ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတာပါ။

Honor 30S ဟာ 5G စမတ်ဖုန်း ဖြစ်ပြီး 5G Chipset အသစ် ဖြစ်တဲ့ Kirin 820 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Huawei ရဲ့ ပထမဆုံး စွမ်းဆောင်ရည်သင့် 5G Chipset ဖြစ်ပြီး အဲဒီ ဖုန်းဟာ အရမ်းလန်းတဲ့ 40W Fast Charging ကို ထောက်ပံ့ထားမယ်လို့ တရုတ်ရဲ့ 3C မှာ ဖော်ပြထားပါတယ်။

အရင်ကလည်း အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အနောက်ဘက် ကင်မရာ ၄ လုံး ဒီဇိုင်းဟာ V30 ဖုန်းနဲ့ တူနေပါတယ်။ ဒါ့အပြင် Flash ရဲ့ အောက်မှာ အပိုဆန်ဆာ ၁ လုံး တပ်ဆင်ထားပါတယ်။ Honor 20S မှာလို ဘယ်ဘက်ခြမ်းမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဓါတ်ပုံကို သေချာလေ့လာကြည့်ရင် စတုတ္ထမြောက် ကင်မရာ ဘေးနားမှာ ဆန်ဆာ ၁ လုံးကို တွေ့ရပါတယ်။

Honor 30S ရဲ့ ဈေးကို မသိရသေးပါဘူး။ 20S ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အဲဒီအချိန်က ၁,၉၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၇၀,၀၀၀ လောက်ရှိပါတယ်။ 20S ဟာ စွမ်းရည်မြင့် Kirin 980 သုံးထားတဲ့ 20 ရဲ့ တန်ဖိုးနည်း မော်ဒယ်ဖြစ်ပါတယ်။ Honor 30 Series အသစ်တွေကို မကြာခင် မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Ref : gsmarena