တရုတ်ရဲ့ တည်ထောင်ခါစ ကုမ္ပဏီ Betavolt က အားသွင်းစရာ၊ ထိန်းသိမ်း ပြုပြင်စရာ မလိုဘဲ နှစ်ပေါင်း ၅၀ ကြာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပါတယ်။

China's Betavolt Unveils Groundbreaking Nuclear Battery: 50 Years of Maintenance-Free Power Generation

Nickel-63 Isotopes ကို အသုံးပြုထားပြီး ငွေအကြွေစေ့ အရွယ်အစားပဲ ရှိတဲ့ ဘက်ထရီကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အနာဂတ်မှာ ဖုန်းနဲ့ ဒရုန်း တို့လို Device တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

Betavolt ရဲ့ နယူးကလီးယား ဘက်ထရီဟာ 100 Microwatts နဲ့ 3V ကို ထုတ်လုပ်ပေးနိုင်ပြီး အလွန်မြင့်မားတဲ့ အပူချိန်တွေမှာ အလုပ်လုပ်နိုင်သလို ကျန်းမာရေး စောင့်ရှောက်တဲ့ ကိရိယာတွေမှာ ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ်။

Revolutionary nuclear phone batteries promise 50 years of charge without charging

ဘေဂျင်း အခြေစိုက် Betavolt က သူ့ရဲ့ နယူးကလီးယား ဘက်ထရီဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။ ကုမ္ပဏီက “ နယူးကလီးယား ဘက်ထရီဟာ အာကာသမှာလို စွမ်းအင်ကို ကာလကြာရှည်စွာ သိုလှောင်ထားနိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။ AI ကိရိယာ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ကိရိယာ၊ Microprocessor ၊ အဆင့်မြင့် ဆန်ဆာ၊ အရွယ်သေး ဒရုန်းနဲ့ Micro Robots တို့မှာ အသုံးပြုနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီနည်းပညာကြောင့် တရုတ်ဟာ AI နည်းပညာမှာ ပြိုင်ဖက်တွေထက် အသာရနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref : Tech DAD