ဂျာမနီ အမျိုးသား တစ်ယောက် ဖြစ်တဲ့ Hansjörg von Gemmingen-Hornberg ဟာ သူ့ရဲ့ 2014 Tesla Model S P85 ကို မိုင်ပေါင်း ၁.၂ သန်းနီးပါး မောင်းနှင်ပြခြင်းဖြင့် လျှပ်စစ်ကားတွေရဲ့ ကြံ့ခိုင်မာကျောမှုကို သက်သေပြလိုက်ပါတယ်။ သူဟာ အစောပိုင်းမှာ စိန်ခေါ်မှုတွေရဲ့ ရင်ဆိုင်ခဲ့ရပြီး မော်တာ ၁၃ ကြိမ်နဲ့ ဘက်ထရီ ၃ ကြိမ် လဲလှယ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ကားကို အကောင်းဆုံး ပြင်ဆင်ထိန်းသိမ်းနိုင်ခဲ့ပြီး အခုလို အောင်မြင်မှုကို ရခဲ့တာ ဖြစ်ပါတယ်။ သူဟာ အားသွင်း နည်းဗျူဟာတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်ကို YouTube Channel Watt Energy မှာ ပြသခဲ့ပြီး လျှပ်စစ်ကားတွေဟာ မိုင်သန်းပေါင်းများစွာ မောင်းနှင်နိုင်တယ်ဆိုတာ ပြသထားပါတယ်။ လျှပ်စစ်ကားတွေကို မိုင်ပေါင်းများစွာ မမောင်းနှင်နိုင်ဘူးဆိုတဲ့ အယူအဆအမှားတွေကို သူက ချိုးဖျက်ပြလိုက်ပါတယ်။
လျှပ်စစ်ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိသလို အသံဆူညံမှု မရှိတဲ့အတွက် အလွန်အကျိုးရှိစေပါတယ်။ ဒါပေမယ့် မောင်းနှင်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်ရှိပြီး အားသွင်းချိန်ကြာမြင့်ပါတယ်။ အခုတော့ Hansjörg von Gemmingen-Hornberg ဟာ အဲဒီ မောင်းနှင်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်ကို ချိုးဖျက်ပြနိုင်ခဲ့ပါတယ်။ အနာဂတ်မှာတော့ လျှပ်စစ်ကားတွေကို ခရီးဝေး မောင်းနှင်ဖို့အတွက် အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Tech Explorers