Samsung ဟာ လာမယ့် ဇန်နဝါရီလအတွင်းမှာ Galaxy S21 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့က သေချာသလောက်ဖြစ်နေပါပြီ။ အဆိုပါ Galaxy S21 Series ဖုန်းတွေဟာ Design ပိုင်းပြောင်းလဲမှုတွေအပြင် Performance ပိုင်းမှာလည်း 5nm Architecture Chipset တွေဖြစ်တဲ့ Qualcomm Snapdragon 888 သို့မဟုတ် Exynos 2100 Chipset တွေကို အသုံးပြုလာမှာပါ။

အခုလည်း Samsung ကနေ “A New Galaxy awaits” ဆိုတဲ့ ခေါင်းစဥ်နဲ့ စက္ကန့် ၃၀ စာ Teaser Video တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ အဆိုပါ Teaser Video မှာ ယခင် Galaxy S Series ဖုန်းတွေရဲ့ Design ပြောင်းလဲမှုတွေကို ဖော်ပြထားပြီး နောက်ဆုံးမှာတော့ ၂၀၂၁ ခုနှစ်ရဲ့ “21” ဆိုတဲ့ စာလုံးကို Highlight ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Galaxy S21 Series ဖုန်းတွေကို မိတ်ဆက်မယ့် Teaser ကတော့ ကျိန်းသေနေပြီဖြစ်ပေမယ့် မိတ်ဆက်မယ့်အချိန်ကိုတော့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရတော့ Samsung ကနေ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 ဖုန်းတွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Samsung Galaxy S21 Ultra ဟာ 10x Folded Periscope Telephoto Sensor အပြင် ပုံမှန် 3x Telephoto Sensor ကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။ Primary Sensor အနေနဲ့ 108MP Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Galaxy S21 နဲ့ S21+ ဖုန်းတွေကတော့ Telephoto Sensor အနေနဲ့ 64MP Sensor ကိုပဲ ဆက်လက်အသုံးပြုထားမှာပါ။

Camera Design အနေနဲ့လည်း Galaxy S21 Series ဖုန်းတွေမှာ ထပ်မံပြောင်းလဲထားပြီး Curved Display အစား Flat Display ကို ပြောင်းလဲအသုံးပြုထားတာကိုတွေ့ရပါတယ်။ Galaxy S21 Ultra မှာဆိုရင် S Pen Support ကိုပါ ရရှိလာမယ်လို့ သိရပါတယ်။

Samsung ဟာ တကယ်လို့ လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ Galaxy S21 Series ဖုန်းတွေကို မိတ်ဆက်မယ်ဆိုရင် လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့နောက်ပိုင်းမှာ စတင်ရောင်းချသွားမယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါသေးတယ်။

Ref – GSM Arena