ယူအက်စ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အခုအခါမှာတော့ နောက်ဆုံးအဆင့် ၃၂ သင်းအဆင့်ကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဘယ်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးသွားမလဲဆိုတာကို စူပါကွန်ပျူတာတစ်လုံးက အချက်အလက်မျိုးစုံကို အသုံးပြုပြီး တွက်ချက်ခန့်မှန်းပေးလိုက်ပါတယ်။

World Cup 2026 Power Rankings: France's fearsome forwards continue to  thrive while Germany's weaknesses are exposed - but can anyone stop  Argentina as knockouts draw opens up for Lionel Messi & Co.? |

စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေအရ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက ဒုတိယရခဲ့တဲ့ ပြင်သစ်အသင်းဟာ ချန်ပီယံဖလားကို ရရှိဖို့ ၁၈.၆၆ ရာခိုင်နှုန်းနဲ့ အခွင့်အရေးအများဆုံး ရှိနေပါတယ်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကတော့ ၁၆.၂၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး စပိန်အသင်းက ၁၃.၄၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ အသီးသီး ရေပန်းစားနေပါတယ်။

FIFA World Cup 2026 Latest News, Fixtures & Results | Reuters

အဲဒီအသင်းတွေရဲ့ နောက်မှာတော့ အင်္ဂလန်အသင်းက ၉.၆၈ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး ဘရာဇီးအသင်းက ၆.၄၇ ရာခိုင်နှုန်း၊ နယ်သာလန်အသင်းက ၅.၁၁ ရာခိုင်နှုန်းတို့နဲ့ အသီးသီးရပ်တည်နေပါတယ်။ ဒါ့အပြင် ပေါ်တူဂီ၊ ဂျာမနီ၊ ကိုလံဘီယာနဲ့ နော်ဝေတို့လည်း ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပါဝင်နေပြီး အာရှအသင်းဖြစ်တဲ့ ဂျပန်အသင်းကတော့ ဗိုလ်စွဲဖို့ ၁.၀၂ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref : Khaosod