Artificial Intelligence (AI) ဟာ ကမ္ဘာမှာ အရှိန်အဟုန်နဲ့ ရေပန်းစားလာပြီး ကုမ္ပဏီတွေဟာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ AI ထည့်သွင်းနိုင်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေနေပါတယ်။ အခုခေတ်စားလာတဲ့ AI က OpenAI ရဲ့ ChatGPT ဖြစ်ပြီး ဒေတာ ပမာဏများစွာနဲ့ လေ့ကျင့်ပေးထားပါတယ်။ အဲဒီ Tool ဟာ ကျွန်တော်တို့ အလုပ်လုပ်ပုံနဲ့ ဆက်သွယ်ပုံတွေကို ဆန်းသစ်ပြောင်းလဲပေးနိုင်ပါတယ်။ အခုတော့ Apple User တွေ ChatGPT ကို အသုံးပြုနိုင်တဲ့ App အသစ် ၂ ခု ဖြစ်တဲ့ MacGPT နဲ့ watchGPT ကို ဖန်တီးလိုက်ပါတယ်။
MacGPT ဟာ macOS အတွက် အခမဲ့ App ဖြစ်ပြီး Menu Bar ကနေ ChatGPT ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ MacGPT မှာ OpenAI အကောင့်ထဲ Login ဝင်နိုင်ပြီး ChatGPT ကို သုံးနိုင်ပါတယ်။ App က Web Browser ကလို ChatGPT Chat Interface ကို ဖန်တီးပေးပြီး မေးခွန်းတွေ မေးနိုင်၊ စာသားတွေ ရေးသားခိုင်းနိုင်ပါတယ်။ App ကို ဖွင့်ဖို့ Keyboard Shortcut ကို သတ်မှတ်ထားနိုင်ပြီး App ကို နှစ်သက်ရင် Developer ကို ငွေကြေး ထောက်ပံ့နိုင်ပါတယ်။
watchGPT ကတော့ စမတ်နာရီကနေ မေးခွန်းတွေ မေးနိုင်၊ စာသားတွေ ရေးသားခိုင်းနိုင်ပြီး စာရိုက်စရာ မလိုပါဘူး။ ရလဒ်တွေကို Text , Email , Social Media တွေမှာ မျှဝေနိုင်ပါသေးတယ်။ watchGPT ကို App Store မှာ 4.99$ နဲ့ ဝယ်ယူနိုင်ပါတယ်။
အဲဒီ App ၂ ခုဟာ AI ကို Apple Ecosystem မှာ လွယ်ကူစွာ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ ChatGPT ကို မေးခွန်းတွေ အမြန် မေးချင်တဲ့ အခါ၊ စာသားတွေ ရေးသားခိုင်းချင်တဲ့အခါမှာ MacGPT နဲ့ watchGPT က အလွန် အသုံးဝင်ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ AI ဟာ အသုံးဝင်လာတဲ့အတွက် MacGPT နဲ့ watchGPT တို့ဟာလည်း လူကြိုက်များလာနိုင်ပါတယ်။
Ref : gizmochina