တစ်ချိန်က Browser လောကကို Mozilla Firefox မင်းမူခဲ့ပြီး သူနဲ့တွဲကာ လူသိအများဆုံး Plug-in တစ်ခုကတော့ Adobe Flash ပါပဲ။

လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင် ၂၀၁၇ ခုနှစ်တည်းက Adobe ဟာ Flash Player ကို ၂၀၂၀ မှာ အပြီးဖျက်သိမ်းဖို့ ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ Flash အတွက် တရားဝင်ကြေညာချက်ကို ထုတ်ပေးခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Support ပြုလုပ်မှုအားလုံးကို ရပ်တန့်တော့မှာပါ။

Adobe ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ ကျော်လွန်သွားတာနဲ့ Flash အတွက် Security Patch တွေ ထပ်ထုတ်ပေးမှာ မဟုတ်တော့ဘဲ သုံးစွဲသူတွေကိုလည်း ဒီရက်စွဲမတိုင်ခင် Uninstall လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် Flash Player ရဲ့ ယခင်ဗားရှင်းတွေကိုလည်း တရားဝင် ဝက်ဆိုက်ကနေ ပယ်ဖျက်လိုက်မှာဖြစ်ပြီး Flash အခြေခံ Content တွေကိုလည်း Run နိုင်တော့မှာ မဟုတ်ပါဘူး။ Adobe ကလည်း အဆုံးသတ်ရက်စွဲမတိုင်ခင် Flash Player အသုံးပြုနေသူတွေကို Uninstall လုပ်ဖို့ တောင်းဆိုပေးမှာဖြစ်ပါတယ်။

Ref – GSMArena