ဂျပန်ရဲ့ ထိပ်တန်း စူပါမားကတ် ကုမ္ပဏီ Aeon က စတိုး ၂၄၀ မှာ ဝန်ထမ်းတွေရဲ့ ပြုံးရွှင် ဖော်ရွေမှုကို စောင့်ကြည့်စစ်ဆေးဖို့နဲ့ တိုးတက်စေဖို့ AI System ကို အသုံးပြုနေပါတယ်။
“Mr Smile” လို့ အမည်ပေးထားတဲ့ AI နည်းပညာကို InstaVR က တီထွင်ထားတာ ဖြစ်ပြီး မျက်နှာအမူအယာ၊ နှုတ်ခွန်းဆက်သမှု၊ အသံ အနိမ့်အမြင့်နဲ့ အသံ အနေအထား အပါအဝင် အချက် ၄၅၀ ကျော် အပေါ် အခြေခံကာ ဝန်ထမ်းတွေရဲ့ ဖော်ရွေမှုကို တွက်ချက်တိုင်းတာပေးပါတယ်။
Aeon ဟာ ဇူလိုင်လ ၁ နေ့က စတင်ကာ AI ကို စတင် အသုံးပြုခဲ့တာ ဖြစ်ပြီး Customer တွေရဲ့ စိတ်ကျေနပ်မှု မြင့်မားစေဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ စနစ်မှာ ဂိမ်းနဲ့ တူတဲ့ Feature တွေလည်း ပါရှိပြီး ဝန်ထမ်းတွေရဲ့ Customer တွေအပေါ် ဖော်ရွေစွာ ဆက်ဆံမှုကို တိုးတက်စေဖို့ တွန်းအားပေးထားပါတယ်။
Aeon ဟာ ဝန်ထမ်း ၃,၄၀၀ ဝန်းကျင်ရှိတဲ့ စတိုး ၈ ခုမှာ အဲဒီ စနစ်ကို အောင်မြင်စွာ စမ်းသပ်ပြီးပြီဖြစ်ပြီး ၃ လအတွင်း ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုဟာ ၁.၆ ဆ ပိုမို တိုးတက်ခဲ့ပါတယ်။
ဒီနည်းပညာဟာ Customer Service ကို တိုးတက်စေတာ မှန်ပေမယ့် ဝန်ထမ်းတွေကို အချိန်ပြည့် စောင့်ကြည့်နေတဲ့အတွက် Privacy ကို ထိခိုက်စေပါတယ်။
Ref: Tech Explorer