၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ၏ ကြေညာချက်အတိုင်း ခေါင်းဆောင်ပိုင်း ရာထူးပြောင်းလဲမှုများ ပြုလုပ်နေပြီဖြစ်သည်။

AIA Group Limited (နောက်ပိုင်းတွင် AIA (သို့) ကုမ္ပဏီ ဟု အသုံးပြုသွားမည်။)၏ ဥက္ကဋ္ဌ နှင့် Group Chief Executive အဖြစ် Mr. Lee Yuan Siong မှ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီးကုမ္ပဏီ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ်လည်း စတင်၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ကုမ္ပဏီ၏ Executive ရာထူးမှ အနားယူသွားသည့် Mr. Ng Keng Hooi ၏ နေရာကို ဆက်ခံခြင်းလည်း ဖြစ်သည်။ AIA တွင် တာဝန်မထမ်းဆောင်မီ Mr. Lee သည် Ping An Insurance (Group) Company of China, Ltd ၏ Executive Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုမ္ပဏီ၏ ပူးတွဲ CEO နှင့် Chief Insurance Business Officer အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။Ping An မတိုင်မီ Mr. Lee သည် United Kingdom ရှိ Prudential plc ၏ အကြီးတန်း ဦးဆောင်ညွှန်ကြားသူ ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် စင်ကာပူ၏ Monetary Authority မှ လုပ်ငန်းခွင် အတွေ့အကြုံကို စတင်စုဆောင်းခဲ့ခြင်းဖြစ်သည်။

AIA ၏ Independent Non-executive Chairman ဖြစ်သူ Edmund Tse မှ “အာရှက အာမခံဈေးကွက်တွေကြားမှာ Yuan Siong စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေက တကယ်ကို အံ့မခန်းပါပဲ။ ဒီလို မှတ်တိုင်တွေကြောင့်လည်း AIA ရဲ့ သမိုင်းမှာ Keng Hooiရဲ့ ရာထူးကို ဆက်ခံသူ ဖြစ်စေခဲ့တာပေါ့။ Yuan Siong ရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အသွေး၊ အာရှ အသက်အာမခံလုပ်ငန်းခွင်တွေထဲက အတွေ့အကြုံတွေက AIA ကို အကျိုးများစွာ ဖြစ်ထွန်းစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟုဆိုသည်။

Lee Yuan Siong မှ “အာရှ ပစိဖိတ် ဒေသရဲ့ ထိပ်တန်းအသက်အာမခံ ကုမ္ပဏီဖြစ်တဲ့ AIA ရဲ့ Group Chief Executive အသစ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရတာ ပြောမပြတတ်အောင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ AIA ရဲ့ ရာစုတစ်ခုတာ ခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကလည်း အများကြီးပဲလေ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့ တွဲဖက်ပြီး အလုပ်လုပ်ကိုင်သွားရင်း ဒီ အဖွဲ့အစည်းကို နောက်ထပ် သက်တမ်းအကြာကြီး အောင်မြင်မှုတွေ ဆထက်ထမ်းပိုးတိုးအောင် ကြိုးစားသွားမှာပါ။” ဟု ဆိုသည်။

Source – AIA