Airbus က Drako လို့ အမည်ပေးထားတဲ့ Concept လေယာဉ်ကို ကြေညာလိုက်ပြီး ပဲရစ် ကနေ နယူးယောက်၊ လန်ဒန် ကနေ စင်ကာပူကို ၂ နာရီနဲ့ ပျံသန်းနိုင်ပါတယ်။ အနာဂတ် လေကြောင်း နည်းပညာဟာ အလွန်ကို တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ်ဟာ မြောက်အမေရိကနဲ့ ဥရောပကို ၂ နာရီအောက်နဲ့ ပျံသန်းနိုင်ပြီး မြောက်ဝင်ရိုးစွန်းကနေ အာရှကို  သွားရင် ဒီထက်တောင် ပိုမြန်ဆန်မှာ ဖြစ်ပါတယ်။ လေယာဉ်မှာ Turbine အခြေပြု Combined Cycles Engine Concept လို့ ခေါ်တဲ့ TBCC Engine ၂ လုံး တပ်ဆင်ထားပါတယ်။

Paris to New York in only 2 hours ... Airbus Mach 3 Commercial Plane - YouTube

အင်ဂျင်ဟာ စွမ်းဆောင်ရည်မြင့်မားပြီး လျှင်မြန်တဲ့ အမြန်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။ အရှိန်နှေးနှေးနဲ့ မောင်းရင် လေယာဉ်ဟာ သာမာန် Turbofan Engine ကို အသုံးပြုပါတယ်။ ပင်လယ်ပြင်ပေါ်ကနေ ပျံသန်းရင် Ramjet ကို ပြောင်းလဲ အသုံးပြုပြီး အသံထက်တောင် မြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ အဲဒီနောက်မှာ မလိုအပ်သရွေ့ Turbojet ကို ပိတ်ထားမှာ ဖြစ်ပါတယ်။

လေယာဉ်ဟာ အမြင့်ပေ ၉၅,၀၀၀ မှာ Mach 3 အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး လိုအပ်ရင် Mach 6 အထိ လျှင်မြန်ပါတယ်။ Airbus က Drako ကို ထုတ်လုပ်မယ့် အချိန်ကို မပြောသေးဘဲ ဒါဟာ Concept အဆင့်ပဲ ရှိပါသေးတယ်။

Ref : tipbandit