AirPods Pro 2 ရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ Apple ဟာ တတိယမျိုးဆက် AirPods ကို အိန္ဒိယမှာ မကြာခင်က ကြေညာခဲ့ပြီး ဒီဇိုင်းဟာ AirPods Pro နဲ့ တူညီလာပါတယ်။ AirPods Pro 2 အသစ်ကိုတော့ မကြာခင် ကြေညာနိုင်တယ်လို့ သတင်းတွေထွက်လာပါတယ်။
Apple က AirPods Pro 2 ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ ပေါက်ကြားသတင်းတွေအရ AirPods Pro 2 ကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ ချပြမယ်လို့ သိရတဲ့အတွက် အချိန်သိပ်မလိုတော့ပါဘူး။ အရင်သတင်းတွေအရ AirPods Pro 2 ကို အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး Stem ကို ဖယ်ရှားထားမယ်လို့ သိရပါတယ်။ ကိုယ်ထည်က လုံးဝန်းမှာ ဖြစ်တယ်လို့ သိရပေမယ့် မကြာခင်က ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေနဲ့ ကွဲလွဲနေပါတယ်။
AirPods Pro 2 ရဲ့ ဒီဇိုင်းဟုာ လက်ရှိ မော်ဒယ်နဲ့ တူညီမယ်လို့ MacRumors က သတင်းပေးထားပါတယ်။ MacRumors က အဲဒီ နားကြပ်နဲ့ Charging Case ရဲ့ ဓါတ်ပုံတွေကို မျှဝေထားပါတယ်။ ဓါတ်ပုံတွေအရ ဒီဇိုင်းဟာ လက်ရှိ မော်ဒယ်နဲ့ တူညီပြီး Stem တပ်ဆင်ထားပါတယ်။ ဆီလီကွန် Ear Tips ပါလာတာကလည်း တူညီနေပါတယ်။
Charging Case ဒီဇိုင်းက သိသိသာသာ ကွဲပြားနေတာ မြင်ရပြီး Charging Case အောက်က Lightning Port မှာ စပီကာအပေါက်တွေ ပါပါတယ်။ Apple ဟာ iOS 16 မှာ “Find My” လုပ်ဆောင်ချက်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး Charging Case ကနေ သီးခြား အသံထွက်မှာပါ။
AirPods Pro 2 ဒီဇိုင်းနဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်နေပါတယ်။ Bloomberg ရဲ့ Mark Gurman ဟာ Apple ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး သတင်းပေးရာမှာ တိကျမှန်ကန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ သူက AirPods Pro အသစ်မှာ Stem ကို ဖယ်ရှားထားမယ်လို့ သတင်းပေးထားပါတယ်။
Ref : gizchina