Apple ဟာ iPhone တွေရဲ့ Battery ပမာဏကို ဘယ်တုန်းကမှ ပြောကြားတာ မရှိပါဘူး။ လူတွေလက်ထဲ iPhone ရောက်လာပြီးနောက် ဖြုတ်ကြည့်မှ Battery ပမာဏကို သိရတာပါ။
အခုတော့ တရုတ်က အာဏာပိုင်တွေက တရုတ်မှာ iPhone 15 မော်ဒယ် အသစ်တွေ ရောင်းချဖို့ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေ ပြုလုပ်လိုက်ပါတယ်။ အဲဒီ မှတ်ပုံတင် သတင်းအချက်အလက်တွေအရ iPhone 15 မော်ဒယ် အားလုံးရဲ့ Battery ပမာဏကို သိလာရပါပြီ။ iPhone 15 Series ရဲ့ Battery ပမာဏဟာ အရင်မျိုးဆက်တွေထက် ပိုမို ကြီးမားလာပါတယ်။
iPhone 15 မှာ 3,349mAh ထည့်သွင်းထားပြီး iPhone 14 ရဲ့ 3,279mAh ထက် ပိုကြီးလာပါတယ်။ iPhone 15 Plus မှာ 4,383mAh တပ်ဆင်ထားပြီး iPhone 14 Plus ရဲ့ 4,325mAh ထက် ပိုကြီးလာပါတယ်။
iPhone 15 Pro မှာ 3,274mAh ပါလာပြီး iPhone 14 Pro ရဲ့ 3,200mAh ထက် ပိုများလာပါတယ်။ iPhone 15 Pro Max မှာ 4,422mAh ထည့်ထားပြီး iPhone 14 Pro Max ရဲ့ 4,323mAh ထက် ပိုကြီးလာပါတယ်။
iPhone 15, iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာခဲ့ပြီး နိုင်ငံတချို့မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။
ref : gsmarena