တရုတ်က Foxconn စက်ရုံက ထွက်လာတဲ့သတင်းအရ ဒီနှစ်ထွက်မယ့် iPhone 15 Series မှာ ပိုကြီးတဲ့ Battery တွေ ထည့်သွင်းထားမယ်လို့သိရပါတယ်။

Apple Rumored To Greatly Increase iPhone 15 Battery Sizes

ပေါက်ကြားသတင်းအရ iPhone 15 မှာ 3,877mAh Battery , iPhone 15 Plus မှာ 4,912mAh Battery , iPhone 15 Pro မှာ 3,650mAh Battery နဲ့ iPhone 15 Pro Max မှာ 4,852mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

နှိုင်းယှဉ်ရရင် iPhone 14 မှာ 3,279mAh Battery , iPhone 14 Plus မှာ 4,323mAh Battery , iPhone 14 Pro မှာ 3,200mAh Battery နဲ့ iPhone 14 Pro Max မှာ 4,323mAh Battery ထည့်သွင်းထားပါတယ်။

iPhone 15 series battery details out, leak claims Apple would finally offer massive battery - India Today

ဒီသတင်းသာ မှန်မယ်ဆိုရင် iPhone 15 Series ရဲ့ Battery တွေဟာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Android မှာ 5,000mAh Battery ပါတဲ့ စမတ်ဖုန်းများစွာ ထွက်ပေါ်နေပြီး iPhone 15 Series ကတော့ 5,000mAh နီးပါးရတဲ့ ပထမဆုံး iPhone တွေ ဖြစ်လာမှာပါ။

အရင်က သတင်းအရ iPhone 15 Series ဟာ အရင်မျိုးဆက်ထက် အနည်းငယ် ပိုထူမှာ ဖြစ်ပြီး ပိုကြီးတဲ့ ဘက်ထရီတွေ ထည့်ထားမယ်ဆိုတာ မှန်ကန်နိုင်ပါတယ်။

ဝီဘိုက ထွက်လာတဲ့ သတင်းအရ iPhone 15 Pro ရဲ့ အခြေခံ Storage ဟာ 256GB ဖြစ်ပြီး လက်ရှိ 128GB ထက် ၂ ဆ ပိုများလာမှာပါ။ ဒါဟာ Pro နဲ့ Non-Pro ရဲ့ အဓိက ကွာခြားချက်ဖြစ်ပြီး Non-Pro မှာ 128GB ပဲ ထည့်သွင်းထားပါတယ်။

Ref : gsmarena