Apple ဟာ iPhone မှာ RAM ပမာဏ ဘယ်လောက် ထည့်သွင်းထားသလဲဆိုတာကို ဘယ်တော့မှ ပြောလေ့ မရှိပါဘူး။ အဲဒီအတွက် iPhone ထွက်လာပြီး ဖွင့်ဖောက်ကြည့်မှပဲ သိနိုင်တာပါ။ အခုတော့ MacRumors နဲ့ iSWUpdates တို့က မကြာခင်က ကြေညာခဲ့တဲ့ iPhone 16 မော်ဒယ်အားလုံးမှာ 8GB RAM ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

Apple iPhone 16: all models compared | Stuff

အဲဒီအတွက် iPhone 16 Pro နဲ့ 16 Pro Max မှာ အရင်မျိုးဆက်အတိုင်း တူညီတဲ့ RAM ပါလာပါတယ်။ iPhone 16 နဲ့ 16 Plus မှာ iPhone 15 နဲ့ 15 Plus ထက် 2GB RAM အပိုပါလာပါတယ်။

Here's how much bigger the iPhone 16 Pro models are than the iPhone 16

ဒါကြောင့် iPhone 15 နဲ့ 15 Plus မှာ Apple Intelligence မရတာ ဖြစ်နိုင်ပါတယ်။ iPhone 16 နဲ့ 16 Plus မှာတော့ အောက်တိုဘာလမှာ Apple Intelligence ကို ရရှိမှာ ဖြစ်ပါတယ်။

iPhone 16 Series ကို ဒီလ ၁၃ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

ref : gsmarena