Elon Musk ဟာ X (ယခင်က တွစ်တာ) ရဲ့ စီးပွားရေး မော်ဒယ်ကို ပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်။ အခုတော့ သူက X သုံးစွဲသူ အားလုံးကို အခကြေးငွေ ကောက်ခံမယ်လို့ အရိပ်အမြွက်ပြောလိုက်ပါတယ်။ လူတွေ ဝေဖန်မှု အရှိဆုံး အပြောင်းအလဲ တစ်ခုကို Musk က ပြုလုပ်တော့မှာပါ။

Social Media Platform X To Soon Become Paid, Elon Musk Talks About Small Monthly  Payment

မကြာခင်က Live Stream ၁ ခုမှာ Musk ဟာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုနဲ့ စကားပြောရာမှာ သူက X ဟာ သုံးစွဲသူ အားလုံးအတွက် အခကြေးငွေပေးရတဲ့ လူမှုကွန်ရက် ဖြစ်လာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ သူက X သုံးစွဲသူတွေကို လစဉ်ကြေး အနည်းငယ် ကောက်ခံရင် Bot ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။

Elon Musk Suggests X Users Will Be Charged 'Small Monthly Payment'

Musk က လစဉ်ကြေး  ဘယ်လောက် ကောက်ခံမလဲဆိုတာနဲ့ ဘယ်အချိန်မှာ ကောက်ခံမလဲ ဆိုတာကိုတော့ မပြောသွားပါဘူး။ အဲဒီ စနစ်ဟာ လက်ရှိ Premium Plan နဲ့ ကွဲပြားနိုင်ပါတယ်။

Musk က အဲဒီ အပြောင်းအလဲကြောင့် Bot ဖန်တီးသူတွေဟာ Bot တစ်ကောင်ချင်းစီအတွက် ငွေပေးသွင်းရမှာလို့ ပြောပါတယ်။ တစ်နည်းအားဖြင့် X လူမှုကွန်ရက်မှာ လူတွေ အကောင့်အတုတွေ ဖန်တီးဖို့ အများကြီး ခက်ခဲလာမှာ ဖြစ်ပါတယ်။

Ref : gizmochina