Beats by Dre Powerbeats Pro ဟာ ကြော်ငြာထားသလောက် ဘက်ထရီ သက်တမ်း မကောင်းတဲ့အတွက် Apple ကို တရားစွဲဆိုမှု ၁ ခု ရှိလာပါတယ်။ နယူးယောက် ဒေသခံ Alejandro Vivar ဆိုသူက တရားစွဲလိုက်တာ ဖြစ်ပြီး သူက Apple ကြော်ငြာထားသလို နားကြပ်ဟာ ၉ နာရီ အသုံးမခံဘူးလို့ ပြောပါတယ်။

apple beats powerbeats pro featured

တရားစွဲဆိုရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းက ဒီဇိုင်း ညံ့ဖျင်းတဲ့ Charging Case ကြောင့် ဖြစ်ပြီး နားကြပ်ဟာ အားမပြည့်သေးခင်မှာပဲ Charging Case ကနေ ကျွတ်ထွက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် IPX4 ချွေးနဲ့ ရေစိုခံ စံနှုန်းရဲ့အားနည်းချက်ကို ထောက်ပြသွားပြီး ချွေးကြောင့် အားသွင်းကြိုးခေါင်းတွေ ပျက်ဆီးသွားတယ်လို့ ပြောပါတယ်။ ချွေးကြောင့် ပျက်ဆီးသွားတာဟာ Warranty မှာ အကျုံးမဝင်တာကြောင့် ပိုဆိုးစေပါတယ်။

how to locate beats pro for Sale OFF 65%

New York, Georgia, Michigan, Montana, North Dakota, Oklahoma, Rhode Island, South Dakota, နဲ့ Virginia အပါအဝင် ပြည်နယ်များစွာမှ Powerbeats Pro ကို ဝယ်ယူထားသူ အားလုံးကို ကိုယ်စားပြုဖို့ ရည်ရွယ်ကာ Vivar က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

Powerbeats ကြောင့် Apple တရားစွဲခံလိုက်ရတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Powerbeats 3 နဲ့ Powerbeats 2 တို့ရဲ့ ပြဿနာတွေကြောင့် အရင်က တရားစွဲခံခဲ့ရဖူးပါတယ်။

Ref : gizmochina