Redmi က အရင်နှစ် မေလမှာ Note 11T Pro ကို ကြေညာခဲ့ပြီး Dimensity 8100 Ultra Processor ထည့်သွင်းထားပါတယ်။ နောက်ပိုင်းမှာ အဲဒီဖုန်းကို နိုင်ငံတကာမှာ Redmi K50i အမည်နဲ့ ရောင်းချခဲ့ပါတယ်။ အခုတော့ Redmi Note 12T Pro ကို Geekbench မှာတွေ့လာရပြီး အဓိက Specs တွေကို သိလာရပါပြီ။

Redmi Note 12T Pro Geekbench

Geekbench မှာ မော်ဒယ်နံပါတ်က 23054RA19C ဖြစ်ပြီး အဲဒါဟာ Redmi Note 12T Pro ဖြစ်နိုင်ပါတယ်။ Single-core Test မှာ ၁၂၂၄ မှတ်နဲ့ Multi-core Test မှာ ၃၉၂၁ မှတ်ရထားပါတယ်။

Xiaomi 12T Pro 5G review: Smartphone with 200 MP and Snapdragon 8+ Gen1 at an attractive price - NotebookCheck.net Reviews

Redmi Note 12T Pro မှာ Android 13 OS မောင်းနှင်ထားမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ 2.0 GHz Core ၄ လုံး၊ 3.0GHz Core ၃ လုံးနဲ့ 3.10GHz Core ၁ လုံး ပါတဲ့ Octa-core Processor ပါလာမှာပါ။ Motherboard ရဲ့ Codename က “Pearl” ဖြစ်ပြီး ဒါဟာ Dimensity 8200 Ultra ဖြစ်နိုင်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Xiaomi Civi 3 မှာလည်း အဲဒီ Chipset ထည့်သွင်းထားတာပါ။

Redmi Note 12T Pro မှာ 12GB RAM နဲ့ 67W Fast Charging ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Redmi Note 11T Pro ကို အိန္ဒိယမှာ Redmi K50i အမည်နဲ့ ရောင်းချခဲ့တဲ့အတွက် Redmi Note 12T Pro ကိုလည်း တရုတ် ပြင်ပမှာ Redmi K60i အမည်နဲ့ ကြေညာနိုင်ပါတယ်။

Ref : gizmochina