မကြာခင်ကထွက်တဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ 6,000mAh , 6,500mAh Battery တွေ ပါလာပါတယ်။ အသစ်စက်စက် ထွက်ထားတဲ့ realme Neo 7 မှာ ပိုကြီးတဲ့ 7,000mAh Battery ထည့်ထားပါတယ်။ လာမယ့်နှစ်မှာ 7,000mAh Battery ပါတဲ့ စွမ်းရည်မြင့် ဖုန်းတွေ တသီကြီးထွက်လာနိုင်ပါတယ်။ အခုတော့ Redmi ဟာ ၂၀၂၅ ခုနှစ်မှာ 7,500mAh Battery ဖုန်းကို ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။
Digital Chat Station က Redmi ဟာ 7,500mAh Battery နဲ့ 90W Fast Charging ပါတဲ့ ဖုန်း ၁ လုံးကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။ မျက်နှာပြင်ပြား ပါလာပြီး စွမ်းဆောင်ရည် အသားပေး ဖုန်း ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Telephoto ကင်မရာ မပါပေမယ့် Main ကင်မရာက တော်တော်မိုက်တယ်လို့ သူက ပြောပါတယ်။ အဲဒီဖုန်းကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သူက ဆိုပါတယ်။
Digital Chat Station ရဲ့ ပြောစကားအရ အဲဒီ စွမ်းဆောင်ရည် အသားပေး ဖုန်းဟာ Redmi Turbo 4 Pro ဖြစ်နိုင်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ ကြေညာနိုင်ပါတယ်။ အရင်ပေါက်ကြားသတင်းအရ ဒီဖုန်းမှာ OLED LTPS Screen တပ်ထားမှာ ဖြစ်ပြီး Bezel သေးသလို 1.5K Resolution ထည့်ထားမှာပါ။
Redmi Turbo 4 Pro မှာ Snapdragon 8s Elite Chipset ပါလာမှာ ဖြစ်ပြီး အနောက်ဘက်ကို ဖန်နဲ့အုပ်ထားကာ Metal Middle Frame ပါလာမှာပါ။
ထုံးစံအတိုင်းပဲ Redmi ဖုန်းတွေကို နိုင်ငံတကာမှာ Poco ဖုန်းတွေ အနေနဲ့ ရောင်းချကြပါတယ်။ Turbo 4 Pro ကို တရုတ် ပြင်ပမှာ Poco F7 အမည်နဲ့ ကြေညာနိုင်ပါတယ်။
Ref : Gizmochina