Google ရဲ့ မိခင် ကုမ္ပဏီ Alphabet က X Labs ရဲ့ ဘက်စုံသုံး သင်ကြားရေး စက်ရုပ် နမူနနာမော်ဒယ်တွေကို Google Bay Area Campus ကို ပို့ဆောင်ထားတယ်လို့ ကြေညာလိုက်ပါတယ်။ Google ရဲ့ ရုံးမှာ သန့်ရှင်းရေး ပြုလုပ်ပေးဖို့ အဲဒီ စက်ရုပ်တွေကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ ရုံးတွေမှာ အလိုအလျှောက်  ဘက်စုံ သန့်ရှင်းရေး ပြုလုပ်နိုင်တဲ့ စက်ရုပ် ၁၀၀ ကျော်ကို ပို့ဆောင်ထားပါတယ်။ စက်ရုပ်တွေဟာ စားပွဲခုံတွေကို သန့်ရှင်းရေး လုပ်နိုင်ပြီး တံခါးတွေကိုလည်း ဖွင့်နိုင်ပါတယ်။ “ လို့ Alphabet ရဲ့ Everyday Robots စီမံကိန်း အကြီးအကဲ ဖြစ်သူ Hans Peter Brondmo က ပြောပါတယ်။

စက်ရုပ်တွေဟာ ဘီးတွေပေါ်မှာ လက်တံတွေ တင်ထားတဲ့ ဒီဇိုင်း ဖြစ်ပြီး လက်တံထိပ်မှာ ဘက်စုံသုံး သန့်ရှင်းရေး လက်တံ တပ်ဆင်ထားပါတယ်။ ထိပ်မှာ Machine Vision အတွက် ကင်မရာနဲ့ ဆန်ဆာတွေပါတဲ့ ဦးခေါင်း တပ်ဆင်ထားပြီး Navigation အတွက် Lidar Unit ထည့်သွင်းထားပါတယ်။

Alphabet ဟာ ၂၀၁၉ ခုနှစ်မှာ Everyday Robot Team ကို တည်ထောင်ခဲ့ပြီး Machine Learning ကို အသုံးပြုကာ နေအိမ်နဲ့ ရုံးခန်းတွေမှာ အလုပ်တွေလုပ်ပေးနိုင်တဲ့ စက်ရုပ်တွေ ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်တွေ လုပ်ပေးနိုင်တဲ့ စက်ရုပ်တွေကို အသုံးပြုနေတာ နှစ်များစွာကြာနေပြီ ဖြစ်ပါတယ်။ အဝတ်ခေါက်ပေးတာ၊ မီးဖိုချောင် သန့်ရှင်းရေး လုပ်တာတွေကို ပြုလုပ်ပေးနိုင်တဲ့ စက်ရုပ်တွေ မထွက်လာသေးပါဘူး။ Alphabet ရဲ့ Everyday Robot Team က အဲဒီ စက်ရုပ်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။

Ref : theverge