Amazfit ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ GTR 2 နဲ့ GTS 2 စမတ်နာရီတွေကို ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက် စမတ်နာရီတွေကို မိတ်ဆက်ဖို့ အချိန်ရောက်လာပါပြီ။ Amazfit က GTR 3 နဲ့ GTS 3 စမတ်နာရီတွေကို နောက်လ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Amazfit GTR 3 and GTS 3 will be unveiled on October 12

တရုတ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ကြေညာမှာ ဖြစ်ပေမယ့် Amazfit က အဲဒီ စမတ်နာရီတွေရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ကုမ္ပဏီရဲ့ ဝီဘို လူမှုကွန်ရက်က တရုတ်လို ရေးသားထားတဲ့ ပို့စ်ကို Machine Translation နဲ့ ဘာသာပြန်ကြည့်တဲ့အခါမှာ ကျန်းမာရေး လုပ်ဆောင်ချက်တွေကို အသားပေး ဖန်တီးထားမယ်လို့ သိရပါတယ်။

Amazfit GTR 2 and GTS 2 with curved AMOLED display, blood oxygen detection  to be announced on September 22

Amazfit က GTR 3 နဲ့ GTS 3 ကို ထုတ်လုပ်ဖို့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ Material တွေကို အသုံးပြုထားနိုင်ပါတယ်။ စမတ်နာရီတွေရဲ့ Packaging ကိုလည်း လျှော့ချထားနိုင်ပါတယ်။ နောက်လမှာ အဲဒီ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိရတော့မှာ ဖြစ်ပါတယ်။

အရင်နှစ်ထုတ် GTR 2 နဲ့ GTS 2 တို့ရဲ့ အတွင်းပိုင်း Hardware တွေဟာ တော်တော်များများ တူညီကြပေမယ့် ဒီဇိုင်း ကွဲပြားပါတယ်။ Amazfit က GTR 3 နဲ့ GTS 3 မှာလည်း အလားတူ ပြုလုပ်ထားမလားဆိုတာ မသိရသေးပါဘူး။

စမတ်နာရီတွေမှာ ကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းလာကြပြီး Covid 19 ကပ်ရောဂါကြောင့် သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာတဲ့ စွမ်းရည်တွေ ပါလာကြပါတယ်။ Amazfit ရဲ့ စမတ်နာရီ အသစ်တွေမှာ အဲဒီ စွမ်းရည် ပါလာဖို့များပါတယ်။

Ref : gsmarena