Amazon က နာမည်ကျော် Kindle Paperwhite မော်ဒယ် အသစ် ၂ မျိုးကို ကြေညာလိုက်ပါတယ်။ Paperwhite နဲ့ Paperwhite Signature Edition လို့ နာမည်ပေးထားပြီး မော်ဒယ် ၂ လုံးဟာ အများစု တူညီပေမယ့် Signature Edition မှာ လုပ်ဆောင်ချက် အပိုတွေ ထည့်သွင်းထားပါတယ်။

Amazon launches updated Kindle Paperwhite and Paperwhite Signature Edition

မော်ဒယ် ၂ ခုစလုံးမှာ ၆.၈ လက်မ မျက်နှာပြင်ပါလာပြီး ဘေးဘက်က ဘောင်တွေ ပိုသေးငယ်လာပါတယ်။ အမြင့်ဆုံး Brightness ဟာ အရင်မျိုးဆက်ထက် ၁၀ ရာခိုင်နှုန်းတိုးတက်လာပြီး စာဖတ်ရင် အဆင်ပြေအောင် အလင်း၊ အမှောင်ကို ချိန်ညှိနိုင်ပါတယ်။ Signature Edition မှာ ပတ်ဝန်းကျင်က အလင်းရောင် အပေါ်မူတည်ပြီး ပြောင်းလဲပေးနိုင်တဲ့ Automatic Brightness ပါလာပါတယ်။

Amazon launches updated Kindle Paperwhite and Paperwhite Signature Edition

ဘက်ထရီသက်တမ်းဟာ ၁၀ ပတ်အထိ တိုးတက်လာပြီး Kindle ထဲမှာ အကြာဆုံး ဖြစ်ပါတယ်။ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပြီး အားအပြည့်သွင်းဖို့ ၂.၅ နာရီ ကြာမြင့်မှာပါ။ Signature Edition မှာ Wireless Charging စွမ်းရည် ထည့်သွင်းထားပြီး Kindle ထဲမှာ ပထမဆုံး ဖြစ်ပါတယ်။

Standard Paperwhite မှာ 8GB Storage နဲ့ Signature Edition မှာ 32GB Storage ထည့်သွင်းထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ UI ကို အဆင့်မြှင့်ထားပြီး Home Screen , Library နဲ့ Book တွေအကြား လွယ်ကူစွာ ပြောင်းလို့ရလာပါတယ်။ Library ကိုလည်း ဆန်းသစ်ထားပြီး Filter နဲ့ Sorting Option အသစ်တွေ ထည့်သွင်းထားသလို Collection View နဲ့ Interactive Scroll Bar အသစ်တွေ ပါလာပါတယ်။

အဲဒီ Kindle တွေကို Kindle App ထည့်ထားတဲ့ iOS, Android စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်လာပါတယ်။ Kindle Paperwhite နဲ့ Paperwhite Signature Edition ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့နဲ့ နိုဝင်ဘာလ ၄ ရက်နေ့ အသီးသီး ရောင်းမှာပါ။ ၁၄၀ ဒေါ်လာနဲ့ ၁၉၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ၂ သိန်းခွဲနဲ့ ၃ သိန်းခွဲ ကျသင့်မှာပါ။

Ref : gsmarena