Meizu က မေလ အစောပိုင်းမှာ Android 10 အခြေပြု Flyme 8.1 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Closed Beta Test အတွက် စမ်းသပ်ချင်သူတွေကို ဖိတ်ခေါ်လိုက်ပြီး ဖုန်း အဟောင်း ၁၀ လုံးအတွက် ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အောက်ပါ ဖုန်း ၁၀ လုံး ကိုင်ထားသူတွေက Beta Test မှာ ပါဝင်နိုင်ပါတယ်။

Beta Test ကို နောက်လ ၂၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး တရုတ်က လူတွေပဲ ပါဝင်လို့ရပါသေးတယ်။ System Update App မှာ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ Flyme OS အသစ်မှာ Optimization နဲ့ System Stability တိုးတက်လာပြီး TWS Headsets တွေနဲ့ ချိတ်ဆက်ရင် Latency နည်းပါးလာပါတယ်။ Meizu Pay မှာ အကောင့်တူတဲ့ Meizu Device တွေကြားမှာ Transport Cards တွေ မျှဝေလို့ရလာပါတယ်။

Small Window Mode 2.1 မှာ App ၂၄ ခုအထိ ထောက်ပံ့လာပြီး ဂိမ်း ကစားရင်၊ ရုပ်ရှင်ကြည့်ရင် အနှောင့်အယှက် မဖြစ်စေဖို့ Bubble Notification ကို သုံးထားပါတယ်။ ကင်မရာနဲ့ Gallery App တွေ တိုးတက်လာပြီး Update မှာ Meizu AI Platform ဖြစ်တဲ့ OneMind 4.0 ကို မိတ်ဆက်ထားပါတယ်။ Digital Assistant ဖြစ်တဲ့ Aicy ကို အဆင့်မြှင့်ထားပါတယ်။

Flyme ဟာ သက်တမ်း ၈ နှစ်ရှိပြီ ဖြစ်တဲ့အတွက် Meizu ဟာ ပထမဆုံး စမတ်နာရီနဲ့ မွေးနေ့ပွဲ ဆင်နွှဲနိုင်ပါတယ်။ ဓါတ်ပုံ အထောက်အထားတွေအရ မျက်နှာပြင်ဟာ လေးထောင့် ဖြစ်နိုင်ပါတယ်။

Ref : gsmarena