Android စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ ကင်မရာပိုင်းကို သေချာ အလေးပေးလာပြီးတော့ ပုံမှန် ဓါတ်ပုံရိုက်ကူးမှုတွေအပြင် Video ပိုင်းကိုပါ အာရုံစိုက်လာကြပါတယ်။ ဥပမာ Galaxy S20 Series လိုမျိုး စမတ်ဖုန်းတွေဆိုရင် 8K Video Recording အထိကို Support ပေးနိုင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း Android OS ဟာ ပြီးခဲ့တဲ့ Android 10 အထိ Video ရိုက်ကူးမယ်ဆိုရင် Clip တစ်ခုကို File Size 4GB အထိပဲ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ File Size ကြီးမားတဲ့ 4K 60fps Video တွေကို အချိန်အကြာကြီးရိုက်ကူးမယ်ဆိုရင် 4GB စီ File Size ရှိတဲ့ File တွေအများကြီးခွဲထုတ်ပြီး Save ပြုလုပ်သွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ အဆိုပါ 4GB Video Recording Limit ကို Android 11 မှာ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ ဒါကိုတော့ Android Police ကနေစတင်တွေ့ရှိခဲ့တာဖြစ်ပြီး Android 11 Beta 1 မှာ စတင်ဖယ်ရှားလိုက်ပြီဖြစ်ပေမယ့် Camera App တော်တော်များများကတော့ အဆိုပါ 4GB File Size Limit သို့မဟုတ် 4K Video လိုမျိုးကို အချိန်အကြာကြီးရိုက်ကူးနိုင်ခွင့်ကိုတော့ ပိတ်ထားတုန်းပဲလို့သိရပါတယ်။

အဲ့ဒီအတွက် Google Camera App အပြင် တခြားသော Camera App တွေအနေနဲ့လည်း လောလောဆယ်မှာ Android 11 Beta ကို အသုံးပြုနေရင်တောင်မှ 4GB File Size Limit က App ကနေ သတ်မှတ်ထားဦးမှာပဲဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ လာမယ့် သြဂုတ်လဝန်းကျင်လောက်မှ Android 11 Stable Update နဲ့အတူ တခြားသော Camera App တွေကလည်း အဆိုပါ Limit ပြုလုပ်မှုကို ဖယ်ရှားပေးသွားမယ့် Update ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ်နောက်ပိုင်းမှာတော့ စမတ်ဖုန်းနဲ့ Video ရိုက်မယ်ဆိုရင် 4GB Recording Limit ရှိတော့မှာမဟုတ်တဲ့အတွက် အချိန်ကန့်သတ်ချက်လည်းပျောက်ကွယ်သွားနိုင်ပါတယ်။

Ref – Android Authority