Google ဟာ လာမယ့် အောက်တိုဘာလ ပထမအပတ်ဝန်းကျင်မှာ Android Version အသစ်ဖြစ်တဲ့ Android 12 ကို Stable Update အနေနဲ့ ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Android 12 ဟာ Privacy ပိုင်းကို အဓိကအဆင့်မြှင့်တင်ထားသလို UI Design ပိုင်းကိုလည်း Material You ဆိုပြီး ပြောင်းလဲလာမှာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရလည်း Google ဟာ Android 12 တင်မဟုတ်ဘဲ Android 12.1 ကိုပါ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ Android 12.1 နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျမသိရှိရသေးပေမယ့်လည်း Foldable ဖုန်းတွေအတွက် အဓိက ရည်ရွယ်ထားမှာဖြစ်တယ်လို့ ယူဆရပါတယ်။

အဆိုပါ သတင်းကိုတော့ XDA Developers ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Foldable ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့များနေတဲ့ Taskbar Feature ကို ထည့်သွင်းပေးထားပြီး Application တွေကို Side-by-Side အသုံးပြုနိုင်ဖို့အတွက် Split Screen Feature အသစ်ကိုလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။ အဆိုပါ Side by Side ပြုလုပ်ဖို့အတွက်လည်း ကိုယ်ကြိုက်တဲ့ App ကို Drag & Drop လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် သိရှိရတဲ့သတင်းတွေအရလည်း Android 12.1 မှာ Foldable ဖုန်းတွေအတွက် Screen ကို ဖွင့်လိုက်မယ့် Animation တွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Google ဟာ နောက်ဆုံးထွက်ရှိထားတဲ့သတင်းအရ ယခုနှစ်ကုန်ပိုင်းမှာ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေအပြင် Pixel Foldable ဖုန်းကိုပါ မိတ်ဆက်သွားမှာဖြစ်တာကြောင့် ယခု Android 12.1 Update ဟာ Foldable Pixel ဖုန်းအတွက် အဓိက ထွက်ရှိလာဖွယ်ရှိပါတယ်။

Ref – GSM Arena