စမတ်ဖုန်းတွေမှာ ယခင်ကတည်းက Flashlight က မရှိမဖြစ်ပါဝင်တဲ့ Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် iPhone နဲ့ Samsung ဖုန်းတွေပဲ အဆိုပါ LED Flashlight ရဲ့ Brightness ကို လိုအပ်သလို ထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ Google ကနေ လာမယ့် Android 13 မှာ Flashlight Brightness ကို ထိန်းချူပ်နိုင်အောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Android 13 ရဲ့ Camera Manager Class ထဲမှာ “getTorchStrengthLevel” နဲ့ “turnOnTorchWithStrengthLevel” ဆိုတဲ့ API ၂ ခုကို အသစ်ထည့်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ Android 13 Developer Preview Feature ကို အသုံးပြုနေတယ်ဆိုရင် ဒီလိုမျိုး Flashlight Brightness ကို စိတ်ကြိုက် ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ ဒါကိုလည်း 9to5Google ကနေ စမ်းသပ်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။
တစ်ခုရှိတာကတော့ အခုလိုမျိုး Flashlight Brightness ကို ထိန်းချူပ်နိုင်ဖို့က Android 13 ဖုန်းတိုင်း ရရှိမှာဖြစ်ပေမယ့် တချို့သော Flashlight တွေကတော့ Maximum Level ၁ ခုပဲ ပါဝင်တာမျိုးဖြစ်နေရင် အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် Google Pixel 6 Pro လိုမျိုး ဖုန်းတွေကတော့ API အရ အများဆုံး 128 Level အထိ စိတ်ကြိုက် Brightness ကို ထိန်းချူပ်နိုင်စေမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Google အနေနဲ့ ဒီလိုမျိုး Flashlight ကို ပိုထိန်းချူပ်နိုင်တဲ့ Feature ကို Android 13 မှာထည့်သွင်းပေးလိုက်တာကြောင့် နောက်ပိုင်းမှာ Samsung နဲ့ iPhone တင်မဟုတ်ဘဲ တခြား Android ဖုန်းတွေမှာပါ အသုံးပြုနိုင်တော့မှာပါ။
Ref – 9to5Google