Google ဟာ လက်ရှိအချိန်မှာ Android 13 OS ကို ဒုတိယမြောက် Developer Preview အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ လာမယ့် မေလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O 2022 Event မှာဆိုရင် Google ကနေ Android 13 ကို အသေးစိတ်မိတ်ဆက်သွားတော့မှာပါ။

ဒါပေမယ့် အခုအချိန်မှာ Android 13 မှာ ပါဝင်လာနိုင်တဲ့ Feature အချို့ကို Developer Preview တွေကနေတစ်ဆင့် သိရှိနေရပြီးတော့ အခုလည်း Battery နဲ့ သက်ဆိုင်တဲ့ Feature အသစ်တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။ ဒါကတော့ တကယ်လို့ App တစ်ခုခုက ၂၄ နာရီအချိန်အတွင်းမှာ Battery စားသုံးမှုက ပုံမှန်ထက် များနေတယ်ဆိုရင် အသိပေးသွားမှာဖြစ်ပါတယ်။

ယခင်တုန်းထဲက Android OS မှာ App တွေက ပုံမှန်ထက် Battery ပိုစားနေရင် Notification အနေနဲ့ ဖော်ပြနေပြီးသားဆိုပေမယ့် အခု Feature က ပိုပြီး အသေးစိတ်စစ်ဆေးမှာဖြစ်ပြီး ၂၄ နာရီအတွင်း တစ်ကြိမ်ပဲ ဖော်ပြမယ်လို့ သိရပါတယ်။ ဒီလိုမျိုး Notification ပေါ်လာပြီဆိုရင် အဆိုပါ App က Battery ဘယ်လောက်စားနေသလဲဆိုတာကို ပြန်လည် Review ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး App တွေနဲ့ Service တွေကို စစ်ဆေးတဲ့အထဲမှာ အောက်ပါ App တွေနဲ့ Service တွေတော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

  • System apps and system-bound apps
  • Companion device apps
  • Apps running on a device in Demo Mode
  • Device owner apps
  • Profile owner apps
  • Persistent apps
  • VPN apps
  • Apps that have the ROLE_DIALER role
  • Apps that the user has explicitly designated to provide “unrestricted” functionality in system settings

Ref – 9to5Google