5G ကွန်ရက် Signal တွေဟာ လူသားတွေကို အန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ အယူအဆတွေ ဖြစ်ပေါ်လာတဲ့အတွက် အဲဒီ ကွန်ရက်ရဲ့ အန္တရာယ်ကို ကာကွယ်ပေးတဲ့ ထုတ်ကုန်တွေကို ဖန်တီးရောင်းချလာကြပါတယ်။ အခုတော့ Dutch Authority for Nuclear Safety and Radiation Protection (ANVS) က ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်တဲ့ အဲဒီ ထုတ်ကုန် ၁၀ ခုကို ကြေညာလိုက်ပါတယ်။ အဲဒါတွေကို ရေရှည် သုံးရင် အန္တရာယ် ဖြစ်စေတဲ့အတွက် အသုံးမပြုဖို့လည်း အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

Experts: Stop Wearing Radioactive “Anti-5G” Necklaces, Idiots

5G ကွန်ရက်တွေဟာ လူတွေကို အန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ မတွေ့ရသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက 5G မိုဘိုင်း ကွန်ရက်တွေဟာ ဘေးကင်း စိတ်ချရပြီး လက်ရှိ 3G ၊  4G Signal တွေနဲ့ အခြေခံအားဖြင့် မကွာခြားဘူးလို့ ပြောထားပါတယ်။

Magnetix bracelet

အဲဒီ မိုဘိုင်း ကွန်ရက်တွေဟာ DNA ကို မထိခိုက်စေတဲ့ Non-ionising Radio လှိုင်းတွေကို အသုံးပြုပါတယ်။ ဒါပေမယ့်လည်း အဲဒါတွေဟာ လူတွေကို အန္တရာယ် ဖြစ်စေတယ်လို့ ယုံကြည်ထားကြသူတွေဟာ Transmitter တွေကို ဖျက်ဆီးတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

5G ကွန်ရက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် Sleeping Mask ၊ လည်ဆွဲနဲ့ လက်ကောက်တွေလို ထုတ်ကုန်တွေကို ရောင်းချနေကြပါတယ်။ Magnetix Wellness ရဲ့ ကလေးတွေအတွက် လက်ကောက်ဟာလည်း ရေဒီယို သတ္တိကြွတာကို စစ်ဆေးတွေ့ရှိခဲ့ကြပြီး ANVS က အဲဒီ ထုတ်ကုန်ကို အသုံးမပြုဖို့ သတိပေးထားပါတယ်။ ANVS က ရေဒီယို သတ္တိကြွတဲ့ ထုတ်ကုန် စာရင်း အပြည့်အစုံကို Website မှာ ဖော်ပြထားပါတယ်။

Ref : bbc