[Unicode]

AnTuTu က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်းမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စွမ်းရည် အမြင့်ဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ ထိပ်ဆုံး ၃ လုံးနေရာကို Vivo က သိမ်းပိုက်ထားပါတယ်။ အဲဒီ ဖုန်းတွေက iQOO Neo 855 Racing Edition , iQOO Pro 5G နဲ့ NEX 3 5G တို့ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ် အားလုံးမှာ စွမ်းဆောင်ရည်မြင့်မားစေတဲ့ Turbo Write နဲ့ HPB တို့လို ဆော့ဖ်ဝဲ နည်းပညာတွေ ပါပါတယ်။

OnePlus 7T နဲ့ 7T Pro တို့က နံပါတ် ၄ နဲ့ ၅ နေရာမှာ ရပ်တည်နေပြီး နံပါတ် ၆ နေရာကို ASUS ROG Phone II က သိမ်းပိုက်ထားပါတယ်။ AnTuTu က စွမ်းရည်သင့် ဖုန်းတွေထဲမှာ စွမ်းရည် အမြင့်မားဆုံး ဖုန်း ၁၀ လုံးစာရင်းကိုလည်း မျှဝေခဲ့ပါတယ်။ အဲဒီစာရင်းမှာ နံပါတ် ၁ နေရာကို Exynos 980 Chipset မောင်းနှင်ထားတဲ့ Vivo X30 Pro က သိမ်းပိုက်ထားပါတယ်။ နံပါတ် ၂ နဲ့ ၃ နေရာကို Snapdragon 765G Chipset ပါတဲ့ OPPO Reno3 Pro 5G နဲ့ Kirin 810 Chipset ပါတဲ့ Honor 9X Pro တို့ ရရှိထားပါတယ်။

7nm Mediatek Dimensity 1000L Chipset အသစ်ပါတဲ့ ဖုန်းတွေ စမ်းသပ်တဲ့ စာရင်းထဲ အများကြီး မပါလာခဲ့သေးပါဘူး။ AnTuTu က လာမယ့်လ စာရင်းမှာ အဲဒီ ဖုန်းတွေ ပါလာမယ်လို့ ထင်နေပါတယ်။ AnTuTu က 730G ထက် 7nm Snapdragon 765G Chipset ဟာ အများကြီး တိုးတက်လာတယ်လို့ ပြောပါတယ်။ အဲဒီ Chipset ပါတဲ့ ဖုန်းတွေကို စောင့်ကြည့်ရမှာပါ။

Ref : gsmarena

[Zawgyi]

AnTuTu ရဲ့ ဒီဇင်ဘာလ စွမ်းရည်အမြင့်ဆုံး ဖုန်းစာရင်းမှာ Vivo ရဲ့ ဖုန်းတွေ ဦးဆောင်နေ




Ref : gsmarena