AnTuTu က ဇွန်လအတွက် စွမ်းဆောင်ရည် အမြင့်ဆုံး စွမ်းရည်မြင့် ဖုန်းနဲ့ စွမ်းရည်သင့် ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တရုတ်က ဒေတာတွေအပေါ်မှာ အခြေပြုကာ ဒီ စာရင်းကို ပြုစုထားတာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်နဲ့ မသက်ဆိုင်ပါဘူး။

စွမ်းဆောင်ရည် အမြင့်ဆုံး စွမ်းရည်မြင့် ဖုန်း ၁၀ လုံးထဲမှာ OPPO ဖုန်းအများစု ပါဝင်နေပါတယ်။ နံပါတ် ၁ နေရာကို OPPO Find X2 Pro က သိမ်းပိုက်ထားပြီး အရင်လကလည်း အဲဒီ နေရာကို အဲဒီဖုန်းကပဲ ရယူထားနိုင်ခဲ့တာပါ။ အဲဒီ ဖုန်း ၁၀ လုံးကို အောက်မှာ လေ့လာနိုင်ပါတယ်။

  1. OPPO Find X2 Pro
  2. Xiaomi 10 Pro
  3. Oppo Find X2
  4. OPPO Ace2
  5. iQOO Neo3
  6. Redmi K30 Pro
  7. Realme X50 Pro player version
  8. iQOO 3
  9. Meizu 17 Pro
  10. OnePlus 8 Pro

အကောင်းဆုံး စွမ်းရည်သင့် ဖုန်း စာရင်းမှာ Huawei နဲ့ Honor ဖုန်း အများစု ပါနေပါတယ်။ Redmi 10X Pro က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး OPPO Reno3 က နံပါတ် ၂ နေရာကို ရထားပါတယ်။ နောက်မှထွက်တဲ့ OPPO Reno4 Pro က နံပါတ် ၁၀ နေရာမှာ ရောက်နေတာက ထူးဆန်းပါတယ်။

  1. Redmi 10X Pro
  2. OPPO Reno3
  3. Redmi 10X
  4. Honor 30
  5. Huawei nova7 Pro
  6. Huawei Nova7
  7. Honor X10
  8. Honor 30S
  9. Huawei Nova7 SE
  10. Oppo Reno4 Pro

Ref : gizchina