EA ကနေ ထုတ်လုပ်ထားတဲ့ Apex Legends ဟာ လက်ရှိအချိန်မှာ PC နဲ့ Console ဂိမ်းတွေအတွက် အောင်မြင်မှုရရှိနေတဲ့ Battle Royale Shoot ဂိမ်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတုန်းက EA ကနေ Apex Legends ကို Mobile Version ထုတ်ပေးဖို့ စမ်းသပ်နေခဲ့ပြီး အခုအချိန်မှာတော့ တချို့သောနိုင်ငံတွေမှာ စတင်ရရှိနိုင်ပြီလို့ သိရပါတယ်။

Apex Legends ဟာ Mobile Version အတွက်လည်း PC နဲ့ Console Developer ဖြစ်တဲ့ Respawn Game Developer ကနေပဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ တချို့သောနိုင်ငံတွေမှာပဲ အသုံးပြုနိုင်သေးသလို Android မှာပဲ အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် မကြာခင်မှာ Apex Legends ကို iOS နဲ့ နိုင်ငံအများအပြားမှာ တရားဝင်မိတ်ဆက်ဖို့ နီးစပ်နေပြီလို့ ယူဆရပါတယ်။

လောလောဆယ်မှာ Apex Legends Mobile Version ကို Play Store ကနေ Download ပြုလုပ်နိုင်မယ့် နိုင်ငံတွေကတော့ Argentina, Colombia, Mexico, Peru, Indonesia, Malaysia, Philippines, Singapore, Australia နဲ့ New Zealand နိုင်ငံတွေပဲဖြစ်ပါတယ်။ တကယ်လို့ အစောဆုံးဆော့ကစားချင်တယ်ဆိုရင်လည်း Google Play Store မှာ Apex Legends ကို Pre-register ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Apex Legends Mobile ဂိမ်းဟာ ဆော့ကစားတဲ့အချိန်မှာ PC Version နဲ့ ဆင်သူမှာဖြစ်ပြီး ဆော့ကစားသူတွေဟာ ၃ ယောက် Party တစ်ခုမှာ Battle Royale ပုံစံ အချင်းချင်း ဆော့ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော Battle Royale ဂိမ်းတွေနဲ့မတူညီတာကတော့ တစ်ပွဲကို အယောက် ၆၀ ပဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apex Legends Mobile ဟာလည်း PUBG Mobile နဲ့ COD Mobile လိုမျိုး အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China