[Unicode]

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Apple Watch အတွက် ကျန်းမာရေးစောင့်ကြည့်နည်းပညာဟာ ခိုးယူထားတဲ့နည်းပညာဖြစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။ Apple ကို အခိုင်အမာ စွပ်စွဲတာကတော့ Masimo Corp ပဲ ဖြစ်ပါတယ်။

Masimo ဟာ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ စောင့်ကြည့်မှုနည်းပညာတွေကို အကောင်အထည်ဖော်နေတဲ့ ကော်ပိုရေးရှင်းအဖြစ် လူသိများပါတယ်။ Apple ဟာ Masimo ကို စီးပွားရေးမိတ်ဖက်အဖြစ်ချဉ်းကပ်ခဲ့ပြီး အဓိကဝန်ထမ်းအချို့ကို ငှားရမ်းခဲ့တယ်လို့ သတင်းအချို့မှာ ဖော်ပြထားပါတယ်။

Apple ဟာ အလင်းနဲ့လည်ပတ်တဲ့ non-invasive monitoring system (ခန္ဓာကိုယ်တွင်းထိုးဖောက်ဝင်ရောက်စရာမလိုဘဲ စောင့်ကြည့်တဲ့စနစ်) ကို ခိုးယူသွားခဲ့ကြောင်း Masimo နဲ့ သူ့ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Cercacor တို့က အခိုင်အမာ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနည်းပညာကို Apple Watch မှာ အသုံးပြုထားတယ်လို့လည်း ဆိုပါတယ်။

Apple Watch မှာ သွေးတွင်းအောက်စီဂျင်စောင့်ကြည့်တဲ့စနစ်နဲ့ နှလုံးခုန်နှုန်းထောက်လှမ်းစောင့်ကြည့်တဲ့စနစ်တွေ ထည့်သွင်းထားပြီး ဒီစနစ်တွေဟာ Light emitters တွေကို ဖြတ်သန်းပြီးမှ စစ်ဆေးမှုအောက်ကို ရောက်တာပါ။ Masimo ကတော့ သူတို့မူပိုင်ခွင့်တင်ထားတဲ့ တီထွင်မှုတွေကို ဆက်ပြီးအသုံးပြုခွင့်မပေးအောင် တားဆီးချင်နေတာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

Apple Watch က်န္းမာေရးေစာင့္ၾကည့္မႈ နည္းပညာေတြဟာ Masimo ဆီကေန ခိုးယူထားတယ္လို႔ စြပ္စြဲခံေနရ

အေမရိကန္အေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ သူ႔ရဲ႕ထုတ္ကုန္တစ္ခုျဖစ္တဲ့ Apple Watch အတြက္ က်န္းမာေရးေစာင့္ၾကည့္နည္းပညာဟာ ခိုးယူထားတဲ့နည္းပညာျဖစ္တယ္လို႔ စြပ္စြဲခံေနရပါတယ္။ Apple ကို အခိုင္အမာ စြပ္စြဲတာကေတာ့ Masimo Corp ပဲ ျဖစ္ပါတယ္။

Masimo ဟာ က်န္းမာေရးနဲ႔သက္ဆိုင္တဲ့ ေစာင့္ၾကည့္မႈနည္းပညာေတြကို အေကာင္အထည္ေဖာ္ေနတဲ့ ေကာ္ပိုေရးရွင္းအျဖစ္ လူသိမ်ားပါတယ္။ Apple ဟာ Masimo ကို စီးပြားေရးမိတ္ဖက္အျဖစ္ခ်ဥ္းကပ္ခဲ့ၿပီး အဓိကဝန္ထမ္းအခ်ိဳ႕ကို ငွားရမ္းခဲ့တယ္လို႔ သတင္းအခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။

Apple ဟာ အလင္းနဲ႔လည္ပတ္တဲ့ non-invasive monitoring system (ခႏၶာကိုယ္တြင္းထိုးေဖာက္ဝင္ေရာက္စရာမလိုဘဲ ေစာင့္ၾကည့္တဲ့စနစ္) ကို ခိုးယူသြားခဲ့ေၾကာင္း Masimo နဲ႔ သူ႔ရဲ႕လက္ေအာက္ခံကုမၸဏီျဖစ္တဲ့ Cercacor တို႔က အခိုင္အမာ စြပ္စြဲခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီနည္းပညာကို Apple Watch မွာ အသုံးျပဳထားတယ္လို႔လည္း ဆိုပါတယ္။

Apple Watch မွာ ေသြးတြင္းေအာက္စီဂ်င္ေစာင့္ၾကည့္တဲ့စနစ္နဲ႔ ႏွလုံးခုန္ႏႈန္းေထာက္လွမ္းေစာင့္ၾကည့္တဲ့စနစ္ေတြ ထည့္သြင္းထားၿပီး ဒီစနစ္ေတြဟာ Light emitters ေတြကို ျဖတ္သန္းၿပီးမွ စစ္ေဆးမႈေအာက္ကို ေရာက္တာပါ။ Masimo ကေတာ့ သူတို႔မူပိုင္ခြင့္တင္ထားတဲ့ တီထြင္မႈေတြကို ဆက္ၿပီးအသုံးျပဳခြင့္မေပးေအာင္ တားဆီးခ်င္ေနတာ ျဖစ္ပါတယ္။

Ref: Gizmochina