realme က ထုတ်ကုန်သစ် realme 12+ 5G ရဲ့ Flagship အဆင့် ပရီမီယံဒီဇိုင်းနဲ့ Flagship အဆင့် ကင်မရာစွမ်းဆောင်ရည်တို့အတွက် ကမ္ဘာကျော် ဇိမ်ခံနာရီဖန်တီးသူ အိုလီဗီရာ ဆာဗေအို နဲ့ အော်စကာဆုရ ရုပ်ရှင်ဓာတ်ပုံပညာရှင်ဖြစ်သူ ကလော်ဒီရို မီရန်ဒါတို့နဲ့ လက်တွဲပူးပေါင်းဖန်းတီးပေးလိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ realme က အထူးခြားဆုံးလက်တွဲပူးပေါင်းမှုအဖြစ် realme Design Studios နဲ့ ဂုဏ်သတင်းထင်ရှားတဲ့ ပြင်သစ်လူမျိုး ဇိမ်ခံနာရီထုတ်လုပ်ဖန်တီးသူ အိုလီဗီရာ ဆာဗေအိုတို့ပေါင်းစုစည်းကာ realme 12+ 5G စမတ်ဖုန်းသစ်အတွက် ရှုပ်ထွေးဆန်းပြားမှုထဲက လှပမှုစံတစ်ရပ်ကို ချပြမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

အိုလီဗီရာ ဆာဗေအိုဟာ နာမည်ကြီးထိပ်တန်းဆွစ်အမှတ်တံဆိပ် နာရီတွေဖြစ်တဲ့ Rolex၊ Roger Dolby၊ Piaget၊ Breitling နဲ့ Quentin တို့ရဲ့ဒီဇိုင်းတွေဖန်တီးပေးရာမှာထင်ရှားကျော်ကြား လူသိများသူဖြစ်ပြီး အခုလိုအဆင့်မြင့်နာရီဒီဇိုင်းတွေးရဲ့ဖန်တီးပေါင်စပ်မှုတွေကို realme 12+ 5G ရဲ့အသွင်းပုံစံမှာ လှပညက်ညောလိုက်ဖက်ညီစွာ ထည့်သွင်းပေးလိုက်တာဖြစ်သလို ပရီမီယံအရည်အသွေးပစ္စည်းတွေကို အသုံးချကာ အဆင့်မြင့်နာရီရဲ့ဒိုင်ခွက်အသွင်းကနေ ခံစားအသက်သွင်းဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

realme 12+ 5G စမတ်ဖုန်းအသွင်းဒီဇိုင်းဟာ အနုစိပ်တိုက်စားပုံဖော်ဖန်တီးလိုက်တဲ့ နေရောင်လိုပြိုးပြိုးပြက်ပြက်လင်းလက်နေတဲ့ဒိုင်ခွက်အသွင်းမျိုးအဖြစ် နည်းပညာနယ်ပယ်မှာ တန်ဖိုးရှိအဆင့်မြင့်အသွင်းဒီဇိုင်းမျိုးအတွက် စံနှုန်းသစ်တစ်ရပ်ကို ချပြပေးလိုက်တာဖြစ်ပြီး ကြွရွလှပလင်းလက်တောက်ပနေတဲ့ ဂန္ထဝင်ဇိမ်ခံနာရီတွေကိုအသွင်ယူဖန်တီးထားတဲ့ ရောင်ပြေးလိုင်း ၅၀၀ နဲ့ပေါင်းစပ်ပေးထားတာပဲဖြစ်ပါတယ်။

နောက်ကျောဘက်အတွက် ပရီမီယံ Vegan Leather နဲ့ဖုံးအုပ်ပေးထားပြီး လှပတင့်တယ်မှုနဲ့ အကြမ်းခံနိုင်မှုကြားက ပြီးပြည့်စုံတဲ့ဟန်ချက်ညီမှုကို ရယူပေးထားတာဖြစ်ပါတယ်။ အရင်သုံးပေးခဲ့တဲ့ Vegan Leather မျိုးဆက်ထက် နူးညံ့မှုအပိုင်းမှာ ၁၀ ရာခိုင်းအထိပိုမိုကောင်းမွန်လာသလို အစွန်းအထင်းဒဏ်တွေကိုပိုမိုခံနိုင်စေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် IP54 ပါရှိထားတဲ့အတွက် ရေစင်ဒဏ်၊ ဖုန်ဒဏ်တွေကိုပါ ခံနိုင်ရည်ရှိစေသလို ဒီဇိုင်းအသွင်အပြင်ရဲ့ဂုဏ်ကျက်သရေကိုပါ ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။

realme 12+ 5G မှာ အထူးခြားဆုံးကင်မရာစွမ်းဆောင်ရည် ၂ခုကိုပေါင်းစပ်ပေးထားတာဖြစ်ပြီး Sony OIS စနစ်ကိုမှ 50MP Sony LYT 600 ပင်မကင်မရာနဲ့ပေါင်းစပ်ကာ အလန်းစား Portrait ရိုက်ချက်တွေကို ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် realme 12+ 5G ဖုန်းရဲ့ကင်မရာစွမ်းဆောင်ရည်ဟာ နောက်တစ်ဆင့်ကိုတက်လှမ်းပြီး Cinematic Bokeh Algorithm ဖြစ်တဲ့ ရုပ်ရှင်ရိုက်ချက်တွေမှာ အဆင့်မြင့်ရှေ့ကြည့်နောက်ဝါးတွက်ချက်ရယူမှုကိုပါ ပံ့ပိုးပေးထားပြီး စမတ်ဖုန်းတစ်လုံးပေါ်မှာ DSLR ကင်မရာနဲ့ရိုက်ယူတဲ့ Effect မျိုးကို ဖန်တီးရယူနိုင်စေဦးမှာဖြစ်ပါတယ်။

ဒါဟာ Portrait ဓာတ်ပုံရိုက်ကူးခြင်း ဖြစ်နိုင်ခြေတွေကို ပိုမိုလမ်းဖွင့်မြှင့်တင်ပေးလိုက်တာဖြစ်ပြီး အခုလို ရရှိစေဖို့အတွက်လည်း realme က အော်စကာဆုရရှိထားတဲ့ ရုပ်ရှင်ဓာတ်ပုံပညာရှင် ကလော်ဒီရို မီရန်ဒါနဲ့လက်တွဲပူးပေါင်းထားတာဖြစ်ပါတယ်။ ရုပ်ရှင်လောကရဲ့အံ့ချီးဖွယ်ရာတွေကို realme 12+ 5G ဆီယူဆောင်ပေးခဲ့သလို စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှုမှာ ကြီးမားတဲ့တိုးတက်မှု တစ်ခုအဖြစ်ပါ အခုလက်တွဲပူးပေါင်းမှုက ရည်ညွှန်းကိုယ်စားပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

“Make it real.” ဆိုတဲ့ဘရန်းဆောင်ပုဒ်သစ်နဲ့အညီ realme ဟာ စမတ်ဖုန်းလောကမှာ တီထွင်ဆန်းသစ်မှုနဲ့ အကောင်းဆုံးဆိုတာတွေကို ဆက်လက်ဖန်တီးအားထုတ်ရယူပေးသွားဦးမှာဖြစ်ပြီး ကုမ္ပဏီရဲ့လျှောက်လှမ်းနေတဲ့ခရီးလမ်းကြောင်းမှာ realme 12+ 5G ထုတ်ကုန်သစ်ဟာ ကြီးမားတဲ့အထင်ကရမှတ်တိုင်းတစ်ခုအဖြစ်ရပ်တည်နေမယ်လို့ ယုံကြည်ထားပြီးဖြစ်ပါတယ်။ “ပေးရတဲ့တန်ဖိုးနဲ့ အထိုက်တန်ဆုံး Mid-range ဖုန်း” တစ်လုံးအဖြစ် realme 12+ 5G ကို သိပ်မကြာခင်မှာ မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

Media release: realme