realme ရဲ့လက်တွဲအနုပညာရှင် “ကစ်” ကလည်း ဓာတ်ပုံရဲ့အရေးပါမှုကို ရုပ်ရှင်လောကအမြင်နဲ့ သုံးသပ်ဖွင့်ဟပြောဆိုထား

ဓာတ်ပုံဆိုတာ အမှတ်တရတွေကို မှတ်တမ်းတင်ထားရုံမျှမကပါဘူး။ ဓာတ်ပုံမှာပါတဲ့ အရောင်အသွေးအရာဝတ္ထု အသွင်သဏ္ဌာန်တွေက လူ့ဘဝဇာတ်ခုံ လှုပ်ရှားမှုတွေကိုပါ ချယ်မှုန်းဖော်ပြထားသလို အမျိုးမျိုးသော ခံစားချက်တွေကိုပါ ဖော်ကျူးပေးစွမ်းနိုင်တဲ့အထိ အားကောင်းတဲ့သတ္တိမျိုးတွေရှိနေကြတာဖြစ်ပါတယ်။

ရုပ်ရှင်လောကနမူနာနဲ့ကြည့်မယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားရဲ့သက်ဝင်လှုပ်ရှားမှု အနိမ့်အမြင့်အတက်အကျတွေကို ဓာတ်ပုံမှတ်တမ်းဖမ်းယူနိုင်မယ်ဆိုရင် ပိုမိုပြီးပြည့်စုံစေမယ့် ရသတွေကို ထပ်တိုးပေးစွမ်းနိုင်စေဦးမှာပါ။

မတူညီတဲ့ အလင်းအမှောင် အရောင်အသွေးအနုအရင်တွေက ထပ်ဆင့်တိုးရသခံစားချက်တွေရဲ့ လိုက်ဖက်ညီတဲ့ပေါင်းစပ်မှုလို့ဆိုရင် မမှားပါဘူး။


realme 12+ 5G မှာ အရည်အသွေးမြင့် Sony 50MP ပင်မကင်မရာစနစ်နဲ့အတူ OIS စနစ်နဲ့ပေါင်းစပ်ထားလို့ ကြွရွလှပနေတဲ့ Portrait ဓာတ်ပုံတွေကို ဖန်တီးရရှိစေမှာဖြစ်သလို ခံစားပုံဖော်မှုရသကိုထပ်တိုးစေဖို့အတွက် မတူညီတဲ့ Filter ရိုက်ချက်တွေနဲ့ပါ ဆက်လက်ဖန်တီးနိုင်စေဦးမှာြဖစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာကျော် အော်စကာဆုရ ရုပ်ရှင်ဓာတ်ပုံပညာရှင်ဖြစ်သူ ကလော်ဒီရို မီရန်ဒါနဲ့ realme တို့လက်တွဲဖန်တီးထားတဲ့ Filter ရိုက်ချက် ၃မျိုးက Portrait ဓာတ်ပုံဖန်တီးချက်တွေကို အသာလွန်ဆုံးခံစားချက်အဆင့်ထိ ပေးစွမ်းသွားနိုင်စေတာဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ကန့်သတ်ချက်ဘောင်ကိုကျော်လွန်ပြီး DSLR ကင်မရာတစ်လုံးနဲ့ဖန်တီးနေတဲ့ Cinematic Bokeh Effect မျိုးကို realme 12+ 5G ရဲ့ Flagship-level ကင်မရာကနေဖန်တီးရယူနိုင်တာက အံ့အားသင့်စရာပါပဲ။ အော်စကာဆုရ ရုပ်ရှင်ဓာတ်ပုံပညာရှင်ရဲ့ နာမည်ကျော် ဇာတ်ကား ၃ခုမှာပါဝင်တဲ့ အရောင်အသွေးတွေကို အခြေခံပြီး မြင့်မားတဲ့နည်းပညာနဲ့ပေါင်းစပ်ကာ အထူးခြားဆုံးသော Portrait ရိုက်ချက်အတွက် Filter အသစ် ၃မျိုးကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

realme 12+ 5G ရဲ့ Portrait ဓာတ်ပုံဖန်တီးချက်တွေက လက်တွေ့ဘဝရဲ့သရုပ်သကန်ပုံဖော်မှုတွေကို အမှတ်တရဆိုတာထက်ပိုတဲ့ ထာဝရညွှန်းဆိုမှုအဆင့်ထိ ပို့ဆောင်ပေးနိုင်စေဦးမှာဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံရဲ့အရေးပါမှုတွေကို ရုပ်ရှင်လောကရဲ့အကယ်ဒမီများဆုရှင်ဖြစ်သလို realme ရဲ့လက်တွဲအနုပညာရှင် မင်းသမီးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကလည်း ရုပ်ရှင်လောကအမြင်မျိုးနဲ့ ဖွင့်ဟပြောပြထားပါသေးတယ်။

“ကစ်က အနုပညာရှုထောင့်ကနေ ကစ် လက်ရှိသုံးနေတဲ့ realme 12+ ကင်မရာကို သုံးသပ်ကြည့်တယ်…
ရုပ်ရှင်ဇာတ်ကားရဲ့ သက်ဝင်လှုပ်ရှားမှု အနိမ့်အမြင့်အတက်အကျတွေကို ဓာတ်ပုံပညာအစွမ်းနဲ့ မှတ်တမ်းတင်ထားသလို လူသားတွေရဲ့ အရောင်အသွေးစုံလင်တဲ့ လူ့ဘဝဇာတ်ခုံ နေ့စဥ် လှုပ်ရှားမှုတွေကို ဖုန်းကင်မရာနဲ့ ကိုယ်ပိုင်မှတ်တမ်းဓာတ်ပုံ Collection ရိုက်ကူးဖို့ စိတ်ကူးခဲ့ဖူးလားဆိုပြီးတော့ပေါ့?

အော်စကာဆုရ ရုပ်ရှင်ဓာတ်ပုံပညာရှင်ရဲ့ နာမည်ကျော် ဇာတ်ကား ၃ ခုမှာပါဝင်တဲ့ အရောင်အသွေးတွေကို အခြေခံထားတယ်၊ ကြွရွလှပနေတဲ့ Portrait ရိုက်ချက်တွေနဲ့ ခံစားပုံဖော်မှုရသကို ထပ်တိုးစေမယ့် မတူညီတဲ့ Filter သုံးခုကြောင့် အရည်အသွေးမြင့် ပုံရိပ်တွေထွက်လာစေတဲ့ realme 12+ 5G ရဲ့ Flagship-level ကင်မရာက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်…

realme 12+ 5G ရဲ့ အရည်အသွေးမြင့် Sony 50MP ပင်မကင်မရာစနစ်မှာ OIS စနစ်နဲ့ပေါင်းစပ်ထားတော့ သာမန်ဖုန်းတစ်လုံးထပ်ကျော်လွန်ပြီး Portrait ဓာတ်ပုံဖန်တီးချက်တွေက လက်တွေ့ဘဝရဲ့ ကိုယ်ပိုင် ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးရဲ့လှုပ်ရှားမှုပုံရိပ်တွေအဖြစ် ဘဝတစ်သက်လုံးစာ မှတ်တမ်းထင်ထားနိုင်မှာပါ…

ကစ်တို့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာ မတူညီတဲ့ ဇာတ်ရုပ်၊ မတူညီတဲ့ ဘဝတွေ သရုပ်ဖော်ခဲ့တယ်။ ဒါပေမဲ့ realme 12+ 5G နဲ့ဆိုရင် ကစ်ရဲ့ ကိုယ်ပိုင်ဇာတ်ရုပ် ကိုယ်ပိုင်ဘဝလေးကို ကိုယ်ပိုင်မှတ်တမ်းဓာတ်ပုံ Collection အဖြစ် ဖန်တီးကြည့်လိုက်ချင်ပါတယ်” ဆိုပြီးဖွင့်ဟ ပြောပြထားပါတယ်။

အလန်းစား ဇိမ်ခံနာရီဒီဇိုင်းမျိုးကို ပိုမိုနူးညံ့တဲ့ ဒုတိယမျိုးဆက် Vegan Leather နဲ့ပေါင်းစပ်ထားလို့ realme 12+ 5G ရဲ့အသွင်ဟာ လူတကာအလယ်မှာ ခေတ်ဆန်ကြွရွလှပနေမှုကို ဖော်ညွှန်ထားစေမှာဖြစ်ပါတယ်။ DRE (Dynamic Ram Expansion) နည်းပညာပါဝင်လို့ RAM ၂ဆ တိုးမြှင့်နိုင်ပြီး RAM 24 (12+12) + ROM 256 version အတွက် ၁,၂၉၉,၉၀၀ ကျပ်နဲ့ ဧပြီလ ဆန်းပိုင်းမှစတင်ကာ မြန်မာတစ်နိုင်ငံလုံးမှာ စတင်ဝယ်ယူနိုင်မှာြဖစ်ပါတယ်။ အရောင်ရွေးချယ်မှုအတွက် Pioneer Green နဲ့ Navigator Beige ၂ရောင်းကို ရရှိမှာဖြစ်ပါတယ်။

120Hz ထောက်ပံ့ထားတဲ့ ၆.၆၇ လက်မ AMOLED Display အမျိုးအစားမှာ အမြင့်ဆုံးအလင်းအားက 2000 nits အထိရရှိမှာပါ။ IP54 လည်းပါမယ် Dual Speakers စနစ်လည်းပါဦးမှာပါ။ 5000mAh ဘက်ထရီကို SUPERVOOC 67W အားသွင်းစနစ်နဲ့တွဲဖက်ပေးထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ MPT Data Package ကိုလည်း တစ်လဘေလ် ၅၀၀၀ ဖြည့်သွင်းရုံနဲ့ ၆လဆက်တိုက်ရရှိမှာဖြစ်သလို မူလရရှိမယ့် Data ပမာဏကို ကုန်အောင်အသုံးပြုပြီးနောက်ပိုင်းမှာလည်း MLBB+PUBG Combo Pack (Data Free Unlimited) ကိုပါ ဆက်လက်ခံစားခွင့်ရရှိစေဦးမှာဖြစ်ပါတယ်။

Media release: realme