Apple က AI နည်းပညာကို သူ့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းပေးဖို့ ကြိုးစားနေပြီး ကနေဒါ အခြေစိုက် DarwinAI အမည်ရ AI ကုမ္ပဏီကို ဝယ်ယူလိုက်ပါတယ်။ ဒီသတင်းကို Bloomberg က ဖော်ပြထားတာပါ။

DarwinAI

၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ DarwinAI ဟာ AI နည်းပညာမှာ ဆရာတစ်ဆူ ဖြစ်ပြီး AI System ကို ဖန်တီးဖို့ Machine Learning ကို အသုံးပြုနေပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၅.၅ သန်း ရရှိထားတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပြီး Lockheed Marting နဲ့ Intel တို့ဟာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ကြပါတယ်။

Apple's Strategic Move: Acquires AI Startup to Bolster Competitive Edge Against Google and Microsoft

Apple က DarwinAI ကို ဝယ်ယူပြီးနောက်မှာ DarwinAI ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ပျောက်ကွယ်သွားပြီး ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် အကောင့်တွေကို ပိတ်သိမ်းလိုက်ပါတယ်။ DarwinAI ရဲ့ ဝန်ထမ်းများစွာဟာ Apple ရဲ့ AI ဌာနမှာ ပြောင်းလဲ အလုပ်လုပ်ကြမှာ ဖြစ်ပြီး AI သုတေသီ Alexander Wong ဟာ ဒါရိုက်တာ အဖြစ် အလုပ်လုပ်မှာပါ။

Apple က ဝယ်ယူမှုကို အတည်ပြုထားပေမယ့် အနာဂတ် အစီအစဉ်တွေကိုတော့ မပြောပါဘူး။ Apple ဟာ နောက်ထွက်မယ့် iOS 18 နဲ့ macOS 15 Operating System အပါအဝင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးမှာ သေချာပါတယ်။

Ref : gizmochina