၂၀၂၂ ခုနှစ်မှာ Apple AirPods ရောင်းအား ၈၅ သန်းရောက်ရှိနိုင်တယ်လို့ စစ်တမ်း အသစ် ၁ ခုက ရေးသားထားပြီး အရင်နှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာမှာပါ။ မကြာခင်က ကြေညာခဲ့တဲ့ AirPods 3 ကြောင့် ရောင်းအား အဓိက ကောင်းနိုင်ပြီး AirPods ရောင်းအား ဆိုရာမှာ AirPods Pro နဲ့ AirPods Max တို့လည်း ပါဝင်ပါတယ်။
TrendForce က ဒီစစ်တမ်းကို ပြုစုထားတာ ဖြစ်ပြီး AirPods 3 မှာ ပိုကောင်းတဲ့ Optical In-ear Detection Mechanism ပါလာပါတယ်။ မတူညီတဲ့ Wavelength ၂ မျိုးပါတဲ့ SWIR (short-wave infrared) LED Chips နဲ့ PPG (photoplethysmography) နည်းပညာတို့ ပေါင်းစပ်ပြီး ဒီလို ပြုလုပ်ပေးနိုင်တာပါ။ Skin-detect Sensor တွေက ဝတ်ဆင်သူရဲ့ အရေပြားက ရေ ပါဝင်မှုကို အာရုံခံနိုင်တဲ့အတွက် AirPods 3 ဟာ လူ့ အရေပြားနဲ့ တခြား အရာတွေကို ခွဲခြားနိုင်ပါတယ်။
AirPods ရောင်းအား တိုးတက်လာမှုဟာ အစိတ်အပိုင်းထုတ်လုပ်သူတွေအတွက်လည်း အကျိုးရှိနိုင်ပါတယ်။ အဲဒီအထဲမှာ SWIR LED Chip ထုတ်လုပ်ပေးတဲ့ Epister နဲ့ DOWA ၊ InGaAs Photodiode ထုတ်လုပ်ပေးတဲ့ DOWA ၊ II-VI/Finisar တို့ ပါဝင်ပါတယ်။
SWIR Wavelenght ဟာ 1,050 ကနေ 2,500 nm အတွင်း ရှိပြီး ရေ၊ သကြားနဲ့ အယ်လ်ကိုဟော တို့လို ကွန်ပေါင်းတွေအတွက် လုံလောက်ပါတယ်။ Wearables ထုတ်လုပ်သူတွေဟာ ဒီနည်းပညာကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ မကြာခင် ထည့်သွင်းလာနိုင်ပါတယ်။
ဒါ့အပြင် PPG အခြေပြု Biosensing Function တွေဟာ ကိုယ်ခန္တာက ရေဓါတ်၊ သွေးတွင်း ဂလူးကို့စ်၊ သွေးတွင်း အယ်လ်ကိုဟော ပမာဏတို့လို အရာတွေကို တွက်ချက်ပေးလာနိုင်ပါတယ်။ လက်ရှိ Wearable တွေမှာတော့ နှလုံးခုန်နှုန်းနဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏတွေကိုပဲ တိုင်းတာပေးနိုင်ပါတယ်။
Ref : gizmochina