Apple ဟာ လက်ရှိအချိန်မှာ True Wireless Earbuds တွေဖြစ်တဲ့ AirPods နဲ့ AirPods Pro တွေကို ရောင်းချနေတာဖြစ်ပါတယ်။ အခုနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်တုန်းက AirPods ရောင်းအားထက် ၃ ပုံ ၁ ပုံအထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကိုတော့ နာမည်ကြီး Research ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Counterpoint Research ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယခုနှစ်မှာ AirPods ပေါင်း ၈၂ သန်းအထိ ရောင်းချရဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Apple AirPods တွေက တကမ္ဘာလုံးရဲ့ TWS Earbuds စျေးကွက်ရဲ့ တဝက်ကို နေရာယူထားနိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ စျေးကွက်ရဲ့ ၃၅ ရာခိုင်နှုန်းကိုပဲ နေရာရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာမှာကတော့ Xiaomi ကနေ တကမ္ဘာလုံးစျေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ရယူထားပြီး တတိယနေရာမှာတော့ Samsung က ၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ အဲ့ဒီအနောက်မှာကတော့ Jabra နဲ့ JBL တို့က ၃ ရာခိုင်နှုန်းကိုယ်စီနဲ့ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ထူးခြားချက်အနေနဲ့ကတော့ နာမည်ကြီး Brand တွေမဟုတ်တဲ့ တခြားသော Brand တွေကနေ ထုတ်လုပ်နေတဲ့ TWS Earbuds တွေက စျေးကွက်ရဲ့ ၄၃ ရာခိုင်နှုန်းအထိကိုရယူထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာ Branded မဟုတ်တဲ့ Chinese TWS Earbuds တွေရဲ့ ရောင်းအားက ပိုပြီးများပြားလာတယ်ဆိုတာကိုတော့ လက်ခံရမှာဖြစ်ပါတယ်။

Ref – Giz China