Apple ဟာ iPhone App တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး စည်းမျဉ်း တစ်ခုက Porn App တွေကို လုံးဝခွင့်မပြုပါဘူး။ ဒါပေမယ့် အဲဒါဟာ အခုတော့ ပြောင်းလဲသွားပါပြီ။ Hot Tub အမည်ရ Adult Content App တစ်ခုဟာ တခြား App Store တစ်ခုကို ရောက်လာပါတယ်။
အဲဒီ App ကို “Adult Content Browser” လို့ ဖော်ပြထားပြီး Pornhub နဲ့ XHamster တို့လို နာမည်ကြီး လူကြီး ဝက်ဘ်ဆိုက်တွေက ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် Apple App Store မှာတော့ မတင်ထားပါဘူး။
Hot Tub ကို ဥရောပသမဂ္ဂရဲ့ ဒစ်ဂျစ်တယ် ဈေးကွက် ဥပဒေ (DMA) က ခွင့်ပြုထားတဲ့ App Store တစ်ခု ဖြစ်တဲ့ AltStore PAL မှာ တင်ထားပါတယ်။ အဲဒီ ဥပဒေကြောင့် Apple ဟာ Third-party App Store တွေကို ခွင့်ပြုထားရပြီး Developer တွေဟာ တခြား App Store တွေမှာ App တွေကို ဖြန့်ချိနိုင်ပါတယ်။
Apple က Hot Tub ကို ဘယ်တုန်းကမှ ခွင့်မပြုထားဘူးလို့ ပြောပေမယ့် Hot Tub ဟာ Malware နဲ့ လိမ်ညာမှု မပါဘူးလို့ စစ်ဆေးခံထားပြီးပြီ ဖြစ်ပါတယ်။ အဲဒီအတွက် AltStore PAL က “ ကမ္ဘာ့ ပထမဆုံး Apple ခွင့်ပြုတဲ့ Porn App” လို့ ကြွေးကြော်ထားပါတယ်။
Apple ကတော့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ Apple က ကလေးငယ်တွေအတွက် Adult Content App တွေကို စိုးရိမ်တယ်လို့ ပြောပါတယ်။
Ref : Gizmochina